Apple ရဲ့ လက်ရှိအကောင်းဆုံးဖြစ်နေတဲ့ iPhone X ဟာ လာမယ့် နိုဝင်ဘာလမှ စတင်ရောင်းချမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် YouTube နဲ့ အခြား သတင်း Website တွေမှာလည်း Review ပြုလုပ်ခြင်းမရှိသေးတာပါဘူး။ ဒါပေမယ့် Apple ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ သမီးက Apple Campus ကို သွားပြီး အဲ့ဒီမှာ iPhone X ကို Hands-On Video ရိုက်ပြီး YouTube ပေါ်တင်ခဲ့တဲ့အတွက် အခုအချိန်မှာတော့ အဖေဖြစ်တဲ့ Apple အင်ဂျင်နီယာက အလုပ်ထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

ဘယ်လိုဖြစ်တာလဲဆိုရင် YouTuber တစ်ယောက်ဖြစ်တဲ့ Brooke Amelia Peterson ဟာ Apple မှာ အင်ဂျင်နီယာအဖြစ်လုပ်ကိုင်နေတဲ့သူရဲ့ သမီးဖြစ်ပြီး သူ့အဖေဖြစ်သူအလုပ်လုပ်ကိုင်နေတဲ့ Apple Campus ကိုအလည်သွားရင်းနဲ့ iPhone X ကို ဗီဒီယိုရိုက်ယူခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးရုံတင်မကပဲ YouTube ပေါ်ကိုပါ တင်ခဲ့ပြီး တော်တော်လေးကို ကြည့်ရှုသူများပြားသွားခဲ့တာဖြစ်ပါတယ်။

https://www.youtube.com/watch?v=XQzGKwjr_js

Apple ကနေ သိသိခြင်း Peterson ကို အဆိုပါ ဗီဒီယိုကို ပြန်လည်ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရှိရပေမယ့် အဲ့ဒီအချိန်မှာ ပြန့်နှံ့မှုက အလွန်များပြားသွားပြီဖြစ်တဲ့အတွက် နောက်ဆုံးအခုလို ပေါက်ကြားစေခဲ့တဲ့ Peterson ရဲ့ အဖေဖြစ်သူကို အလုပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

မထွက်ရှိသေးတဲ့ Apple iPhone X ကို ဗီဒီယိုရိုက်ကူးတာက တရားဝင်မဟုတ်သလို အခုလောက်ထိ ပြင်းပြင်းထန်ထန် အရေးယူရတာက အဆိုပါ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာပါဝင်တဲ့ iPhone X ရဲ့ Notes App မှာ Apple ရဲ့ မထွက်ရှိသေးတဲ့ Product တွေရဲ့ Codenames တွေပါဝင်တာကြောင့်နဲ့ Apple ဝန်ထမ်းတွေပဲ အသုံးပြုခွင့်ရှိတဲ့ QR Code တွေကိုပါ ဗီဒီယိုရိုက်ကူးခဲ့တာကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် နာမည်ကြီးချင်ဇောနဲ့ လုပ်ခဲ့တဲ့အမှားတစ်ခုက အဖေဖြစ်သူ အခုအလုပ်ထုတ်ခံလိုက်ရတဲ့အထိ ဖြစ်သွားတာပဲဖြစ်ပါတယ်။