နည်းပညာ ဘီလူးကြီး Apple ဟာ စီမံကိန်း ၂ ခုကို ရပ်နားလိုက်တဲ့အတွက် ဝန်ထမ်း ၆၀၀ ကျော်ကို အလုပ်ထုတ်ခဲ့ရပါတယ်။ အဲဒီ စီမံကိန်းတွေက Project Titan အမည်ရ မောင်းသူမဲ့ ကား စီမံကိန်းနဲ့ Micro-LED Display ထုတ်လုပ်တဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

Apple ဟာ ၂၀၁၄ ခုနှစ်မှာ LuxVue Technology ကို ဝယ်ယူခဲ့ပြီး Micro-LED Display ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု အပိုင်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် စီမံကိန်းကို ရပ်နားပြီး ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့ရပါတယ်။

Project Titan စီမံကိန်းမှာ အရင်က ဝန်ထမ်း ၂,၀၀၀ ဝန်းကျင် ရှိပါတယ်။ စီမံကိန်းကို ရပ်နားလိုက်တဲ့အတွက် ဝန်ထမ်း တချို့ကို AI ဖန်တီးတဲ့ ဌာနကို ပြောင်းရွှေ့ခဲ့ပြီး တချို့ကို အလုပ်ကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။

Apple rehires ex-Tesla engineering lead, stimulating Project Titan talk | TechSpot

ဒါတင် မကသေးပါဘူး။ Apple ဟာ Siri ဌာနက ဝန်ထမ်းတွေကိုလည်း အလုပ်ထုတ်ခဲ့ပါသေးတယ်။ San Diego မှ ဝန်ထမ်းတွေကို အလုပ်ကနေ အနားပေးလိုက်ပြီး တချို့ ဝန်ထမ်းတွေကို Austin, Texas သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

Apple ရဲ့ ကုမ္ပဏီကို အသွင်ပြောင်းမှုတွေထဲမှာ ဒါဟာ အကြီးမားဆုံး ဖြစ်လာပါတယ်။ ကုမ္ပဏီဟာ AI ဖန်တီးမှုကို ဦးစားပေး လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ AI နည်းပညာ နယ်ပယ်ဟာ လျှင်မြန်စွာ တိုးတက်ဖွံ့ဖြိုးနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။ Apple ဟာ ဘယ်လို ထူးခြားဆန်းသစ်တဲ့ AI နည်းပညာတွေကို ချပြမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina