Apple ဟာ ပြီးခဲ့တဲ့ iPhone X က စတင်ပြီး Face ID Unlocking စနစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိလည်း အဆိုပါ Face ID စနစ်ကို ဆက်လက်သုံးစွဲနေတုန်းဖြစ်သလို လာမယ့်စက်တင်ဘာလမှာ မိတ်ဆက်သွားမယ့် iPhone 13 Series ကိုလည်း Face ID ကိုပဲ ယခင်ထက် အနည်းငယ်ပိုသေးတဲ့ Notch Design နဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Apple ဟာ iPhone 8 နဲ့ iPhone SE (2020) လိုမျိုးဖုန်းတွေမှာ အခုအချိန်အထိ Home Button Touch ID ကို အသုံးပြုနေတုန်းလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်နှစ်မိတ်ဆက်လာမယ့် iPhone SE (3rd Gen) လိုမျိုး ဖုန်းတွေမှာ Fingerprint Sensor ကို Under Display Fingerprint Sensor ကိုပြောင်းလဲအသုံးပြုနိုင်မလားဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Bloomberg Media က Mark Gurman ရဲ့ ပြောကြားချက်အရ Apple iPhone တွေမှာ Under Display Fingerprint Sensor ကို လုံးဝတွေ့ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကလည်း Apple ဟာ iPhone အသစ်တွေအတွက် Under Display Fingerprint Sensor တွေကို စမ်းသပ်ခဲ့ဖူးပြီး အသုံးမပြုဖို့ ဆုံးဖြတ်ချက်ချခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့် အခုလိုမျိုး iPhone တွေမှာ Under Display Fingerprint Sensor ကို အသုံးမပြုချင်တာလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

အဲ့ဒီအတွက် Apple ဟာ လာမယ့်နှစ် iPhone 14 Series ဖုန်းတွေမှာ Face ID ကို Notch အစား Under Display Camera Setup အနေနဲ့ ပြောင်းလဲထည့်သွင်းသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လုံးဝ Full View Experience ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ iPhone SE အသစ်လိုမျိုး စျေးသက်သာတဲ့ဖုန်းတွေကိုတော့ Notch ပါဝင်တဲ့ Face ID Setup ကိုပဲ အသုံးပြုပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဟာ iPhone တွေမှာတော့ Under Display Fingerprint Sensor ကို ထည့်သွင်းမှာမဟုတ်ပေမယ့်လည်း Apple iPad တွေမှာတော့ နောက်ပိုင်းမှာ တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena