[Zawgyi]

အခုဆိုရင္ Apple ရဲ႕ iMac Pro ေတြမွာ RAM 256GB အထိ ထပ္စိုက္လို႔ ရပါၿပီ။ ထပ္စိုက္မယ္ဆိုရင္ေတာ့ ကန္ေဒၚလာ ၅၂၀၀ (ျမန္မာေငြ သိန္း ၈၀ ဝန္းက်င္) ကုန္က်မွာျဖစ္တဲ့အတြက္ ကန္ေဒၚလာ ၅၀၀၀ (ျမန္မာေငြ ၇၇ သိန္း ဝန္းက်င္) က်သင့္တဲ့ iMac Pro ရဲ႕ Base ေမာ္ဒယ္ထက္ ကုန္က်စရိတ္ပိုမ်ားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ RAM 256GB ကို ဝယ္စိုက္မယ့္အစား iMac Pro အသစ္ ၁လုံး ထပ္ဝယ္မလားဆိုတာကလည္း စဥ္စားစရာ ျဖစ္လာပါတယ္။ ဒါေပမယ့္ iMac Pro ရဲ႕ Base ေမာ္ဒယ္မွာေတာ့ Default အေနနဲ႔ RAM 32GB သာ ပါဝင္မွာပါ။

iMac Pro ရဲ႕ Base ေမာ္ဒယ္မွာ ပါတဲ့ RAM 32GB ကို အားမရလို႔ RAM 64GB ကို ေျပာင္းစိုက္မယ္ဆိုရင္ ကန္ေဒၚလာ ၄၀၀ (ျမန္မာေငြ ၆သိန္း ဝန္းက်င္) ထပ္မံ က်သင့္ၿပီး RAM 128GB ကို ေျပာင္းစိုက္မယ္ဆိုရင္ေတာ့ ကန္ေဒၚလာ ၂၀၀၀ (ျမန္မာေငြ သိန္း ၃၀ ဝန္းက်င္) ထပ္မံ က်သင့္မွာ ျဖစ္ပါတယ္။ RAM 128GB ကို အားမရလို႔ RAM 256GB ကို ေျပာင္းစိုက္မယ္ဆိုရင္ေတာ့ အေပၚမွာ ေျပာထားသလိုပဲ ျမန္မာေငြ သိန္း ၈၀ ဝန္းက်င္အထိ ထပ္မံ ကုန္က်မွာျဖစ္တဲ့အတြက္ ေနာက္ထပ္ iMac Pro အသစ္ ၁လုံး ဝယ္ယူလိုက္တဲ့ အေနအထားထိ ေရာက္သြားမွာပါ။

Apple ဟာ iMac Pro အတြက္ Radeon Pro Vega 64X GPU (16GB) ကိုလည္း Upgrade ျပဳလုပ္ခြင့္ ေပးထားပါေသးတယ္။ အဆိုပါ GPU ကို Upgrade ျပဳလုပ္မယ္ဆိုရင္ေတာ့ ကန္ေဒၚလာ ၇၀၀ (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္) ထပ္မံ က်သင့္မွာပါ။ iMac Pro မွာ Default အေနနဲ႔ ပါဝင္လာတဲ့ GPU ကေတာ့ Vega 56 (8GB) ျဖစ္ပါတယ္။ ဒါ့အျပင္ ကန္ေဒၚလာ ၅၅၀ (ျမန္မာေငြ ၈သိန္းခြဲ ဝန္းက်င္) ထပ္မံ က်သင့္မယ့္ Vega 64 GPU (16GB) ကိုလည္း Upgrade ျပဳလုပ္ႏိုင္ပါေသးတယ္။

အျမင့္မားဆုံး စြမ္းေဆာင္ရည္နဲ႔ အေကာင္းဆုံး iMac Pro တစ္လုံး ျဖစ္လာဖို႔အတြက္ 2.3GHz 18-core Intel Xeon W Processor, RAM 256GB, SSD Storage 4TB နဲ႔ Vega 64X GPU ေတြကို အသုံးျပဳၿပီး တပ္ဆင္မယ္ဆိုရင္ စုစုေပါင္း တန္ဖိုး ကန္ေဒၚလာ ၁၅,၆၉၉ (ျမန္မာေငြ သိန္းေပါင္း ၂၄၀ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။ (အဲ့ဒီ iMac Pro ႀကီးကို မပိုင္ဆိုင္ရင္ ေနပါေစ၊ ခဏေလာက္ေလးပဲျဖစ္ျဖစ္ သုံးခြင့္ရရင္ ေက်နပ္ပါတယ္ – သရ )

Ref – TheVerge, Apple

[Unicode]

Apple iMac Pro မှာ RAM 256GB အထိ စိုက်လိုပါက ကန်ဒေါ်လာ ၅၂၀၀ ကုန်ကျမည်

အခုဆိုရင် Apple ရဲ့ iMac Pro တွေမှာ RAM 256GB အထိ ထပ်စိုက်လို့ ရပါပြီ။ ထပ်စိုက်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၅၂၀၀ (မြန်မာငွေ သိန်း ၈၀ ဝန်းကျင်) ကုန်ကျမှာဖြစ်တဲ့အတွက် ကန်ဒေါ်လာ ၅၀၀၀ (မြန်မာငွေ ၇၇ သိန်း ဝန်းကျင်) ကျသင့်တဲ့ iMac Pro ရဲ့ Base မော်ဒယ်ထက် ကုန်ကျစရိတ်ပိုများမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် RAM 256GB ကို ဝယ်စိုက်မယ့်အစား iMac Pro အသစ် ၁လုံး ထပ်ဝယ်မလားဆိုတာကလည်း စဥ်စားစရာ ဖြစ်လာပါတယ်။ ဒါပေမယ့် iMac Pro ရဲ့ Base မော်ဒယ်မှာတော့ Default အနေနဲ့ RAM 32GB သာ ပါဝင်မှာပါ။

iMac Pro ရဲ့ Base မော်ဒယ်မှာ ပါတဲ့ RAM 32GB ကို အားမရလို့ RAM 64GB ကို ပြောင်းစိုက်မယ်ဆိုရင် ကန်ဒေါ်လာ ၄၀၀ (မြန်မာငွေ ၆သိန်း ဝန်းကျင်) ထပ်မံ ကျသင့်ပြီး RAM 128GB ကို ပြောင်းစိုက်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂၀၀၀ (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) ထပ်မံ ကျသင့်မှာ ဖြစ်ပါတယ်။ RAM 128GB ကို အားမရလို့ RAM 256GB ကို ပြောင်းစိုက်မယ်ဆိုရင်တော့ အပေါ်မှာ ပြောထားသလိုပဲ မြန်မာငွေ သိန်း ၈၀ ဝန်းကျင်အထိ ထပ်မံ ကုန်ကျမှာဖြစ်တဲ့အတွက် နောက်ထပ် iMac Pro အသစ် ၁လုံး ဝယ်ယူလိုက်တဲ့ အနေအထားထိ ရောက်သွားမှာပါ။

Apple ဟာ iMac Pro အတွက် Radeon Pro Vega 64X GPU (16GB) ကိုလည်း Upgrade ပြုလုပ်ခွင့် ပေးထားပါသေးတယ်။ အဆိုပါ GPU ကို Upgrade ပြုလုပ်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၇၀၀ (မြန်မာငွေ ၁၀သိန်း ဝန်းကျင်) ထပ်မံ ကျသင့်မှာပါ။ iMac Pro မှာ Default အနေနဲ့ ပါဝင်လာတဲ့ GPU ကတော့ Vega 56 (8GB) ဖြစ်ပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ ၅၅၀ (မြန်မာငွေ ၈သိန်းခွဲ ဝန်းကျင်) ထပ်မံ ကျသင့်မယ့် Vega 64 GPU (16GB) ကိုလည်း Upgrade ပြုလုပ်နိုင်ပါသေးတယ်။

အမြင့်မားဆုံး စွမ်းဆောင်ရည်နဲ့ အကောင်းဆုံး iMac Pro တစ်လုံး ဖြစ်လာဖို့အတွက် 2.3GHz 18-core Intel Xeon W Processor, RAM 256GB, SSD Storage 4TB နဲ့ Vega 64X GPU တွေကို အသုံးပြုပြီး တပ်ဆင်မယ်ဆိုရင် စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၁၅,၆၉၉ (မြန်မာငွေ သိန်းပေါင်း ၂၄၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ (အဲ့ဒီ iMac Pro ကြီးကို မပိုင်ဆိုင်ရင် နေပါစေ၊ ခဏလောက်လေးပဲဖြစ်ဖြစ် သုံးခွင့်ရရင် ကျေနပ်ပါတယ် – သရ )

Ref – TheVerge, Apple