Apple က ဇွန်လ ၁၀ ရက်နေ့ Worldwide Developer Conference (WWDC) မှာ Apple Intelligence အမည်ရ AI Feature တွေကို ကြေညာမှာပါ။ Apple Intelligence ကို နောက်ဆုံးထုတ် iOS, iPadOS နဲ့ MacOS မှာ ထည့်သွင်းပေးမှာပါ။

Apple AI

အဲဒီ AI Feature တွေထဲမှာ အသံဖိုင်ကို စာသားအဖြစ် ပြောင်းပေးတာ၊ AI နဲ့ ဓါတ်ပုံ ပြင်တာနဲ့ အီးမေး ကနေ စာပြန်ဖို့ အကြံပြုပေးတာတွေ ပါဝင်ပါတယ်။ Siri မှာလည်း AI ပါလာမှာ ဖြစ်ပြီး ChatGPT လို တခြား AI Assistant တွေနဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ AI ဟာ Device ထဲမှာ အလုပ်လုပ်မှာ ဖြစ်ပြီး A17 Chip ရဲ့ Neural Engine ကို အသုံးချမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Privacy ပိုကောင်းပြီး Response Time လျှင်မြန်မှာပါ။

Apple AI

Apple Intelligence ဟာ iOS 18 Operating System ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်ပြီး နောက်ထွက်မယ့် iPhone 16 Series သာမကဘဲ iPhone 15 Series ၊ iPad နဲ့ Mac ထုတ်ကုန်တွေမှာလည်း အလုပ်လုပ်မှာပါ။ အဲဒီ Device တွေကို ဝယ်ထားသူတွေဟာ Device အသစ် ဝယ်စရာ မလိုဘဲ AI စွမ်းရည်တွေကို အသုံးပြုနိုင်မှာပါ။ On-device AI ဟာ Cloud မှာ မဟုတ်ဘဲ Device ထဲမှာပဲ ဒေတာတွေကို အသုံးပြုပါတယ်။ အဲဒီအတွက် ဒေတာ ပေးပို့မှု မရှိဘဲ Privacy နဲ့ Security ကို ပိုကောင်းစေပါတယ်။

Apple Intelligence ကြောင့် Apple ဟာ လာမယ့်နှစ်တွေမှာ အရှိန်အဟုန်နဲ့ တိုးတက်လာမယ့် Generative AI စမတ်ဖုန်း ဈေးကွက်ကို ဝင်ရောက်နိုင်မှာပါ။

Ref : gizchina