Apple ရဲ့ iOS က အရင်ကထက် သိသိသာသာပြောင်းလဲတာမျိုးတွေ နည်းပါတယ်။ Feature အသစ်တွေလောက်ပဲပြောင်းသွားတာ၊ ထပ်ပါလာတာမျိုးတွေပဲ ရှိတာများပါတယ်။ အမြင်ပိုင်းမှ သိသိသာသာ ကြီးကြီးမားမားပြောင်းသွားတာမျိုးတွေက တော်တော်လေးနည်းပါတယ်။

Apple အနေနဲ့ ဒီနှစ်အတွက် iOS အသစ်ကို မကြာခင်မိတ်ဆက်တော့မှာပါ။ WWDC လို့ခေါ်တဲ့ နှစ်တိုင်း Apple လုပ်လေ့ရှိတဲ့ နိုင်ငံအစုံက iOS Developer တွေစုပြီးလုပ်တဲ့ Developer တွေ့ဆုံပွဲကြီးပါ။ နှစ်တိုင်း ဒီ WWDC ပွဲတွေမှာပဲ iOS အသစ်ကို မိတ်ဆက်ပါတယ်။ အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ iOS 11 မှာတော့ မြင်သာတဲ့ ပြောင်းလဲမှုလေးတွေ နည်းနည်းရှိခဲ့ပေမယ့် အခုလာမယ့် iOS 12 ကိုတော့ တော်တော်လေးပြောင်းလဲလိမ့်မယ်လို့ မှန်းထားကြပါတယ်။

Apple ရဲ့ ကြီးမားတဲ့ iOS အပြောင်းအလဲကြီးကို iOS 7 နဲ့စတင်ခဲ့ပါတယ်။ iOS 7 ကတော့ အမြင်အရရော Feature ပိုင်းမှာရော လုံးဝအသစ်အနေနဲ့ iOS User ကြားမှာ တော်တော်လေး စိတ်ဝင်စားမှုရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမြင်အရသိပ်ပြောင်းလဲမှုမရှိပဲ ပိုကောင်းအောင်လုပ်လာခဲ့တာ အခုဆိုရင် iOS 11.3.1 အထိရောက်နေပါပြီ။ iOS 12 မှာ လုံးဝပြောင်းလဲထားတဲ့ Design နဲ့လာမလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

Apple က iPhone မှ Multitasking အပိုင်းမှာ iPad တွေလို App နှစ်ခုကို တစ်ပြိုင်တည်း သုံးခွင့်မပေးထားပါဘူး။ App တစ်ခုကနေ တစ်ခုကို ကူးနေရပါသေးတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ iOS User တော်တော်များများ သဘောမကျပါဘူး။ iPhone X နဲ့ iPhoen 8 Plus လိုမျိုး Screen Size ကြီးတဲ့ iPhone တွေမှာ Side By Side လို Feature တွေထည့်ပေးဖို့ iOS User တော်တော်များများမျှော်လင့်နေကြတုန်းပါ။ Apple အနေနဲ့တော့ Files App နဲ့ အခြား iPad နဲ့ပတ်သက်တဲ့ Feature အသစ်တွေကို iOS 12 မှာ ထုတ်ပြမယ်လို့ သတင်းထွက်ထားပါတယ်။