တရုတ်က ထွက်လာတဲ့ သတင်းအရ Apple ဟာ iPad Air အသစ်ရဲ့ အရွယ်အစားကို ၁၁ လက်မအထိ တိုးမြှင့်ပြီး Lighting Port အစား Type-C Connector ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အဲဒီသတင်းဟာ Apple Suppliers တွေကနေ ထွက်လာတာ ဖြစ်ပြီး နောက်ထွက်မယ့် iPad Air အသစ်ရဲ့ ဒီဇိုင်းဟာ လက်ရှိရောင်းချထားတဲ့ ၁၁ လက်မ iPad Pro နဲ့ တူမယ်လို့ သိရပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာပြီး Touch ID ထည့်သွင်းထားနိုင်ပါတယ်။ Touch ID ပါလာမှာတော့ မသေချာသေးပါဘူး။

Apple ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ iPad မျက်နှာပြင် အရွယ်အစားတွေကို တိုးမြှင့်ခဲ့တဲ့ မူဝါဒကို ပြောင်းလဲကျင့်သုံးလာခဲ့တဲ့အတွက် အခုထွက်လာတဲ့ သတင်းက မှန်ကန်နိုင်ပါတယ်။ iPad Air 4 က iPhone 11 Series နဲ့ iPhone SE(2020) တို့မှာ အသုံးပြုခဲ့တဲ့ Apple A13 Bionic Chipset မောင်းနှင်ထားမယ်လို့လည်း သတင်းထွက်လာပါတယ်။

LG ဟာ ကပ်ရောဂါ ကာလမှာ တက်ဘလက် ဝယ်လိုအား မြင့်မားနေတဲ့အတွက် iPad LCD တွေကို တိုးမြှင့်ထုတ်လုပ်နေတယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ iPad Air အသစ် ထွက်လာမယ့် အချိန်ကို မသိရသေးပါဘူး။

၁၀.၈ လက်မ iPad Pro ကို ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းမယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်လာပြီး ၉ လက်မ iPad Mini ကို ၂၀၂၁ ခုနှစ်ကျမှ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Ref : gsmarena