[Zawgyi]

ဒီႏွစ္ထဲမွာ iPad ေတြရဲ႕ သက္တမ္းဟာ ၉ ႏွစ္ျပည့္ေက်ာ္လြန္လာၿပီ ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ iPad ေတြဟာ iOS ကို ေက်ာခိုင္းေတာ့မွာလည္း ျဖစ္ပါတယ္။ iOS ကို ေက်ာခိုင္းရတဲ့အေၾကာင္းရင္းက သူတို႔အတြက္ သီးတန႔္ OS ထြက္ေပၚလာလို႔ပါပဲ။ iPad ေတြအတြက္ OS သစ္ရဲ႕နာမည္ကေတာ့ iPadOS လို႔ပဲ ေခၚပါတယ္။

iPadOS မွာ Features သစ္ေတြ အေတာ္မ်ားမ်ား ပါဝင္လာမယ္လို႔ သိရပါတယ္။ အထူးသျဖင့္ iPad ေတြအတြက္ ပိုၿပီးအသုံးျပဳရေကာင္းမြန္ေစဖို႔ အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။ ပထမဦးဆုံးအေနနဲ႔ Homescreen ကို ဒီဇိုင္းျပန္ေျပာင္းထားတာ ေတြ႕ရမယ္လို႔ ဆိုပါတယ္။ Icon ေတြကို iPad ရဲ႕ မ်က္ႏွာျပင္နဲ႔ ပိုၿပီးလိုက္ဖက္သြားေအာင္ ဒီဇိုင္းဆြဲထားၿပီး Widget ေတြလည္း ေထာက္ပံ့ေပးထားတာပါ။

ေအာက္ေျခမွာ ပြတ္ဆြဲလိုက္ရင္ Floating window apps ေတြလည္းေတြ႕ရမွာျဖစ္ၿပီး Window mode မွာ ဒုတိယ App ကို ဖြင့္လိုက္လို႔ရမွာ ျဖစ္ပါတယ္။ Split Screen ကိုလည္း ပိုၿပီးေကာင္းမြန္ေအာင္ အဆင့္ျမႇင့္တင္ထားတာေၾကာင့္ တူညီတဲ့ပ႐ိုဂရမ္ႏွစ္ခုကို ဖြင့္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ေနာက္ထပ္တစ္ခုကေတာ့ iCloud Drive ေတြဟာ Folder ေတြကို မွ်ေဝႏိုင္ၿပီး SMB ဖိုင္ေတြလည္း မွ်ေဝႏိုင္ၿပီလို႔ ဆိုပါတယ္။ Thumbdrives ေတြကိုလည္း ေထာက္ပံ့ေပးၿပီး Files app ေတြမွာ Content ေတြကို ျမင္ေတြ႕ႏိုင္ေတာ့မယ္လို႔ ဆိုပါတယ္။ ZIP ဖိုင္ေတြကိုလည္း မၾကာမီေထာက္ပံ့ေပးေတာ့မယ္လို႔လည္း သိရပါတယ္။

Copy နဲ႔ Paste ေတြကို လက္သုံးေခ်ာင္း Gesture နဲ႔ အသုံးျပဳႏိုင္ၿပီး Undo ကိုလည္း လက္သုံးေခ်ာင္းပြတ္ဆြဲျခင္းနဲ႔ ျပဳလုပ္ႏိုင္တာေၾကာင့္ အရင္ကလိုမ်ိဳး iPad ကို လႈပ္ခါစရာ မလိုေတာ့ပါဘူး။ Apple Pencil လည္း ပိုၿပီးအသုံးျပဳရေကာင္းမြန္လာတယ္လို႔ သိရပါတယ္။ Latency ဟာ 20ms ကေန 9ms ထိ က်သြားတယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

iPad တွေအတွက် သီးသန့် iPadOS တွေထုတ်ပေးတော့မယ့် Apple

ဒီနှစ်ထဲမှာ iPad တွေရဲ့ သက်တမ်းဟာ ၉ နှစ်ပြည့်ကျော်လွန်လာပြီ ဖြစ်ပါတယ်။ iOS ကို ကျောခိုင်းရတဲ့အကြောင်းရင်းက သူတို့အတွက် သီးတန့် OS ထွက်ပေါ်လာလို့ပါပဲ။ iPad တွေအတွက် OS သစ်ရဲ့နာမည်ကတော့ iPadOS လို့ပဲ ခေါ်ပါတယ်။

iPadOS မှာ Features သစ်တွေ အတော်များများ ပါဝင်လာမယ်လို့ သိရပါတယ်။ အထူးသဖြင့် iPad တွေအတွက် ပိုပြီးအသုံးပြုရကောင်းမွန်စေဖို့ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ ပထမဦးဆုံးအနေနဲ့ Homescreen ကို ဒီဇိုင်းပြန်ပြောင်းထားတာ တွေ့ရမယ်လို့ ဆိုပါတယ်။ Icon တွေကို iPad ရဲ့ မျက်နှာပြင်နဲ့ ပိုပြီးလိုက်ဖက်သွားအောင် ဒီဇိုင်းဆွဲထားပြီး Widget တွေလည်း ထောက်ပံ့ပေးထားတာပါ။

အောက်ခြေမှာ ပွတ်ဆွဲလိုက်ရင် Floating window apps တွေလည်းတွေ့ရမှာဖြစ်ပြီး Window mode မှာ ဒုတိယ App ကို ဖွင့်လိုက်လို့ရမှာ ဖြစ်ပါတယ်။ Split Screen ကိုလည်း ပိုပြီးကောင်းမွန်အောင် အဆင့်မြှင့်တင်ထားတာကြောင့် တူညီတဲ့ပရိုဂရမ်နှစ်ခုကို ဖွင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

နောက်ထပ်တစ်ခုကတော့ iCloud Drive တွေဟာ Folder တွေကို မျှဝေနိုင်ပြီး SMB ဖိုင်တွေလည်း မျှဝေနိုင်ပြီလို့ ဆိုပါတယ်။ Thumbdrives တွေကိုလည်း ထောက်ပံ့ပေးပြီး Files app တွေမှာ Content တွေကို မြင်တွေ့နိုင်တော့မယ်လို့ ဆိုပါတယ်။ ZIP ဖိုင်တွေကိုလည်း မကြာမီထောက်ပံ့ပေးတော့မယ်လို့လည်း သိရပါတယ်။

Copy နဲ့ Paste တွေကို လက်သုံးချောင်း Gesture နဲ့ အသုံးပြုနိုင်ပြီး Undo ကိုလည်း လက်သုံးချောင်းပွတ်ဆွဲခြင်းနဲ့ ပြုလုပ်နိုင်တာကြောင့် အရင်ကလိုမျိုး iPad ကို လှုပ်ခါစရာ မလိုတော့ပါဘူး။ Apple Pencil လည်း ပိုပြီးအသုံးပြုရကောင်းမွန်လာတယ်လို့ သိရပါတယ်။ Latency ဟာ 20ms ကနေ 9ms ထိ ကျသွားတယ်လို့ သိရပါတယ်။

Ref: GSMArena