Apple က iPhone 15 Pro နဲ့ Pro Max ကို ကြေညာလိုက်ပြီး USB-C Port ပြောင်းသုံးထားတာက ထူးခြားချက်ဖြစ်ပါတယ်။

ဒီနှစ် iPhone 15 Pro နဲ့ Pro Max မှာ ဒီဇိုင်းအပိုင်း ပြောင်းလဲထားပြီး Stainless Steel အစား တိုက်တေနီယမ် ဖရိမ် ပြောင်းလဲ အသုံးပြုထားပါတယ်။ တိုက်တေနီယမ်ဟာ ပိုမို ပေါ့ပါး မာကျောပါတယ်။ Dynamic Island ဟာလည်း စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာပါတယ်။

Apple puts USB-C on the iPhone 15 Pros, the Pro Max debuts a periscope zoom

iPhone 15 Pro နဲ့ Pro Max မှာ 6.1” နဲ့ 6.7” OLED မျက်နှာပြင်တွေ အသီးသီး တပ်ဆင်ထားပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ Adaptive Refresh Rate နဲ့ Always-on-display ထောက်ပံ့ထားပါတယ်။

Apple puts USB-C on the iPhone 15 Pros, the Pro Max debuts a periscope zoom

iPhone 15 Pro နဲ့ Pro Max မှာ A17 Bionic Chip ထည့်သွင်းထားပြီး 8GB RAM နဲ့ 1TB Storage အထိ ထောက်ပံ့ထားပါတယ်။ 48MP IMX803 Main ကင်မရာ တပ်ဆင်ထားပြီး Low Light စွမ်းရည် ပိုကောင်းလာပါတယ်။ Pro Max ရဲ့ Telephoto Lens က 5x Optical Zoom ကို ထောက်ပံ့ပေးထားပါတယ်။ Pro Max ဟာ Periscope ကင်မရာ ပါတဲ့ ပထမဆုံး iPhone ဖြစ်လာပါတယ်။

Apple puts USB-C on the iPhone 15 Pros, the Pro Max debuts a periscope zoom

ထုံးစံအတိုင်း Apple က Battery ပမာဏတွေကို မပြောသွားဘဲ USB-C Port ထည့်သွင်းထားတာကိုပဲ ပြောသွားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ iOS 16 မောင်းနှင်ထားပါတယ်။

iPhone 15 Pro နဲ့ iPhone 15 Pro Max အတွက် Black, Titanium , White Titanium နဲ့ Blue Titanium အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ iPhone 15 Pro ကို ၉၉၉ ဒေါ်လာနဲ့ iPhone 15 Pro Max ကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Pro မော်ဒယ်ဟာ 128GB Storage နဲ့ Pro Max မော်ဒယ်ဟာ 256GB Storage က စတင် ပါတယ်။

ref : gizmochina