Apple ဟာ iPhone XS နဲ့ XS Max စမတ်ဖုန်းတွေမှာ eSIM ကို မိတ်ဆက်ခဲ့ပြီး သမားရိုးကျ Physical SIM Card  တွေလည်း ထည့်သွင်းနိုင်ပါတယ်။ အခုတော့ ဘရာဇီး Website ၁ ခုက ထွက်လာတဲ့ သတင်းအရ Apple ဟာ လာမယ့်နှစ်တွေအတွင်း ရောင်းချမယ့် iPhone တွေမှာ  Physical SIM Card Slot တွေကို ဖယ်ရှားတော့မယ်လို့ သိရပါတယ်။

Apple iPhone 13 to bring Potrait Mode and ProRes for videos

၂၀၂၃ ခုနှစ်ထုတ် iPhone 15 Pro နဲ့ Pro Max မှာ Physical SIM Card Slot တွေ မပါလာနိုင်ဘဲ ဆက်သွယ်မှုအတွက် eSIM Card ၂ ခု ထောက်ပံ့ထားမယ်လို့ သတင်းထွက်လာတာပါ။ ဒီသတင်းမှန်မယ်ဆိုရင်တောင် Apple ဟာ eSIM မရတဲ့ နိုင်ငံတွေအတွက် Physical SIM Card Slot ပါတဲ့ iPhone မော်ဒယ်တွေကို ဆက်လက်ထုတ်လုပ်ရောင်းချရမယ်လို့ ထင်ပါတယ်။

Apple iPhone 13 brings portrait mode for video - BBC News

အခုသတင်းမတိုင်ခင်က Apple ဟာ စမတ်ဖုန်းတွေမှာ Lightning Port ဖယ်ရှားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ခဲ့ပြီး ကုမ္ပဏီက Physical SIM Card Slot တွေကိုပါ ဖယ်ရှားမယ်ဆိုရင် ဒီဇိုင်း ပိုရှင်းလင်းသွားမှာ ဖြစ်သလို ရေစိုခံနှုန်း  ပိုမြင့်မားလာမှာ ဖြစ်ပါတယ်။

Apple iPhone 15 Pro မော်ဒယ်တွေမှာ Physical SIM Card Slot မပါလာနိုင်ဘူးဆိုတဲ့ သတင်းဟာ လက်ရှိမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ မတွေ့ရသေးတဲ့အတွက် သိပ်မယုံကြည်ရသေးပါဘူး။ ဒါပေမယ့် Apple ဟာ ပြောင်းလဲမှု ကြီးကြီးမားမားတွေ ပြုလုပ်လေ့ရှိတဲ့အတွက် ဒီသတင်း မှန်ကောင်းမှန်လာနိုင်ပါတယ်။ လာမယ့် လတွေအတွင်းမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုထွက်လာနိုင်ပါတယ်။

Ref : gizmochina