Apple ကနေ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ၄ လက်မအရွယ် Display နဲ့ iPhone SE ကို ထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ Apple ကနေ Second Generation iPhone SE ကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Apple ဟာ iPhone SE 2 စမတ်ဖုန်းကို လာမယ့် ဂျွန်လမှာ ကျင်းပမယ့် Apple ရဲ့ Worldwide Developer Conference (WWDC) Event မှာ တရားဝင်ကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုထွက်ရှိလာမယ့် iPhone SE 2 ဟာ 4″ ဒါမှမဟုတ် 4.2″ Display ပါဝင်မှာဖြစ်ပြီးတော့ iPhone 7 မှာပါဝင်ခဲ့တဲ့ Apple A10 Fusion Chipset ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် iPhone 7 နဲ့ တူညီတဲ့စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့လည်း 12MP Back Camera နဲ့ 5 MP Selfie Camera ပါဝင်လာမယ်လို့ သိရပါတယ်။ Battery ကတော့ 1700mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။

ယခု ထွက်ရှိလာမယ့် iPhone SE 2 စမတ်ဖုန်းကို Glass Body နဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ Wireless Charging စနစ်ပါ ရရှိမှာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး iPhone SE 2 ကို တရုတ်နိုင်ငံ Foxcon ကနေမဟုတ်ပဲ India မှာပဲထုတ်လုပ်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။