Apple iPhone X ကို ယနေ့စတင်ရောင်းချနေပြီဖြစ်ပြီးတော့ ထွက်ရှိခဲ့သမျှ Apple iPhone တွေထဲမှာ တီထွင်ဆန်းသစ်မှုအရှိဆုံးနဲ့ ဈေးနှုန်းအရလည်း ဒေါ်လာ ၁၀၀၀ ကနေ စတင်တဲ့အတွက် ဈေးအကြီးဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

Apple iPhone X ရဲ့ တီထွင်ဆန်းသစ်မှုတွေက Design ပိုင်းတွေနဲ့ Face ID မှာတင်မဟုတ်ပဲ ဖုန်းရဲ့အတွင်းပိုင်းမှာလည်း ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါကတော့ တရုတ်နိုင်ငံက Apple iPhone X Teardown Video တစ်ခုမှာ Apple iPhone X ဟာ Battery ကို ၂ ခုခွဲပြီးထည့်သွင်းထားတာကို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။

အခြားသော Apple iPhone X ရဲ့ အစိတ်အပိုင်းတွေဟာ ပုံမှန် Apple iPhone တွေနဲ့ တူညီပြီးတော့ အဓိက Motherboard ကတော့ ဖုန်းရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် အလွန်သေးငယ်တာကို တွေ့ရှိရပါတယ်။

Apple ကနေ အခုလိုမျိုး Battery ကို ၂ ခုခွဲပြီး ထည့်သွင်းခဲ့တာက လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်ပြီးတော့ ပုံမှန်အတိုင်း Battery တစ်ခုပဲ ထည့်သွင်းမယ်ဆိုရင် ဖုန်းက ပိုကြီးသွားတာ၊ ပိုပြီးလေးလံသွားတာတွေမဖြစ်အောင် ပြုလုပ်ခဲ့ပုံပါပဲ။

Teardown Video ကိုလည်း တင်ပေးလိုက်ပါတယ်။