Apple ဟာ Foldable iPhone နမူနာမော်ဒယ် ၂ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ Samsung Galaxy Z Flip5 နဲ့ OPPO Find N3 Flip တို့လို Flip-style Device တွေ ဖြစ်ပါတယ်။

Apple is building at least two flip-style foldable iPhone prototypes, report says

Apple ဟာ မကြာခင် Foldable iPhone တွေ ရောင်းချမှာတော့ မဟုတ်သေးဘဲ စမ်းသပ်နေဆဲ အဆင့် ဖြစ်ပါတယ်။ အဲဒီဖုန်းတွေကို အစောဆုံး အနေနဲ့ ၂၀၂၆ ခုနှစ်ကျမှ ရောင်းချနိုင်ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း မရောင်းချနိုင်သေးပါဘူး။

Apple ဟာ ၂၀၁၈ ခုနှစ်ကစတင်ကာ Foldable ကို ဖန်တီးချင်ခဲ့တာဖြစ်ပြီး ခေါက်ချိုးထားရင် လက်ရှိ iPhone လို ပါးလွှာတာကို လိုချင်ခဲ့တာပါ။ ဒါပေမယ့် Battery နဲ့ Display နည်းပညာကို မတီထွင်နိုင်သေးပါဘူး။ Apple ဟာ Huawei Mate X ရဲ့ Flip-style Version လို ဖုန်းကို ခေါက်ချိုးထားရင် အပြင်ဘက်မှာ Display ပါတဲ့ iPhone ကို အလိုရှိနေပါတယ်။

iPhone Flip: is it really happening? Everything we know

Apple ဟာ ၂၀၂၀ ခုနှစ်မှာ Foldable iPhone ဖန်တီးတာကို ရပ်နားခဲ့ပြီး Foldable iPad ဖန်တီးဖို့ အာရုံစိုက်ခဲ့ပါတယ်။ Foldable iPad ဟာလည်း ၂၀၂၆ ခုနှစ် မတိုင်ခင် ထွက်လာမှာ မဟုတ်ပါဘူး။ အခုတော့ ကုမ္ပဏီဟာ Foldable iPhone နဲ့ iPad ၂ မျိုးစလုံးကို ဖန်တီးနေပုံရပါတယ်။

လက်ရှိမှာ Apple အင်ဂျင်နီယာတွေဟာ Display ခေါက်ချိုးရာ မရှိအောင် ကြိုးစားနေကြပြီး Screen ကို လုံးဝပြားချပ်စေတဲ့ Hinge ကို ဒီဇိုင်းထုတ်နေကြပါတယ်။ Apple Pencil နဲ့လည်း တွဲဖက်သုံးလို့ အဆင်ပြေအောင် လုပ်နေကြပါတယ်။

Foldable iPad အတွက် Display ထုတ်လုပ်ပေးဖို့ Apple က LG နဲ့ Samsung ကို တောင်းဆိုထားပါတယ်။ Foldable iPhone အတွက် ဘယ်ကုမ္ပဏီက Display ထုတ်လုပ်ပေးမလဲဆိုတာ မသိရသေးပါဘူး။

Ref: gsmarena