[Zawgyi]

DigiTimes ရဲ႕ သတင္းအရ Apple ဟာ 2020 iPhone ေတြကို AirPods နဲ႔တြဲၿပီး ေရာင္းဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ Apple တင္ မဟုတ္ဘဲ Samsung နဲ႔ Xiaomi တို႔ကလည္း လာမယ့္ႏွစ္မွာ ဒီလို လုပ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကို Apple က တရား၀င္ ေျပာတာ မဟုတ္တဲ့အတြက္ သိပ္ေတာ့ မေသခ်ာေသးပါဘူး။

Apple AirPods ေတြဟာ ေဒၚလာ ရာဂဏန္းေလာက္ရွိတဲ့အတြက္ iPhone ၀ယ္တဲ့ သူတိုင္းကို အလကားေပးမယ္ဆိုတာ မျဖစ္ႏုိင္ပါဘူး။ iPhone နဲ႔တြဲၿပီးေရာင္းရင္လည္း ေစ်းက အရမ္းေျမာက္သြားမွာျဖစ္ေပမယ့္ တြဲၿပီး ၀ယ္ရင္ ေစ်းသက္သာေအာင္ ကုမၸဏီက ျပဳလုပ္ေပးထားမယ့္ပံုေပၚပါတယ္။ AirPods ေတြဟာ လူႀကိဳက္မ်ားၾကတဲ့အတြက္  ေရာင္းအား မေကာင္းလို႔ ဒီလိုလုပ္တာလည္း မဟုတ္ပါဘူး။

မၾကာခင္က ေၾကညာခဲ့တဲ့ AirPods Pro မွာ Active Noise Cancelling Feature ပါလာၿပီး ေရာင္းအား အရမ္းေကာင္းေနတဲ့အတြက္ ကုမၸဏီက တိုးျမွင့္ထုတ္လုပ္ေနပါတယ္။ Apple က တန္ဖိုးနည္း Wired EarPods ကိုလည္း ထုတ္လုပ္ေရာင္းခ်ထားပါတယ္။ အဲဒီ EarPods ေတြမွာ Lightning Connector ပါၿပီး ၂၉ ေဒၚလာပဲရွိတဲ့အတြက္ ေစ်းေတာ္ေတာ္ ခ်ိဳပါတယ္။ ျမန္မာေငြ ၄ ေသာင္းေလာက္ပဲရွိပါတယ္။

Apple က လာမယ့္ႏွစ္ထုတ္ iPhone ေတြမွာ စြမ္းရည္ျမင့္မားတဲ့ AirPods ေတြနဲ႔ တြဲဖက္ ေရာင္းခ်ခ်င္တဲ့ သေဘာ ျဖစ္ပါတယ္။ Apple AirPods ေတြဟာ ကမာၻမွာ ေရာင္းအား အေကာင္းဆံုး ျဖစ္ၿပီး AirPods ေတြကို iPhone နဲ႔ တြဲဖက္ ေရာင္းခ်ရင္ ေရာင္းအားက ပိုလန္းလာမွာပါ။

Ref : gizmochina

[Unicode]

Apple က 2020 iPhone တွေကို AirPods နဲ့တွဲပြီး ရောင်းဖို့ စဉ်းစားနေ

DigiTimes ရဲ့ သတင်းအရ Apple ဟာ 2020 iPhone တွေကို AirPods နဲ့တွဲပြီး ရောင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ Apple တင် မဟုတ်ဘဲ Samsung နဲ့ Xiaomi တို့ကလည်း လာမယ့်နှစ်မှာ ဒီလို လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို Apple က တရားဝင် ပြောတာ မဟုတ်တဲ့အတွက် သိပ်တော့ မသေချာသေးပါဘူး။

Apple AirPods တွေဟာ ဒေါ်လာ ရာဂဏန်းလောက်ရှိတဲ့အတွက် iPhone ဝယ်တဲ့ သူတိုင်းကို အလကားပေးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ iPhone နဲ့တွဲပြီးရောင်းရင်လည်း ဈေးက အရမ်းမြောက်သွားမှာဖြစ်ပေမယ့် တွဲပြီး ဝယ်ရင် ဈေးသက်သာအောင် ကုမ္ပဏီက ပြုလုပ်ပေးထားမယ့်ပုံပေါ်ပါတယ်။ AirPods တွေဟာ လူကြိုက်များကြတဲ့အတွက် ရောင်းအား မကောင်းလို့ ဒီလိုလုပ်တာလည်း မဟုတ်ပါဘူး။

မကြာခင်က ကြေညာခဲ့တဲ့ AirPods Pro မှာ Active Noise Cancelling Feature ပါလာပြီး ရောင်းအား အရမ်းကောင်းနေတဲ့အတွက် ကုမ္ပဏီက တိုးမြှင့်ထုတ်လုပ်နေပါတယ်။ Apple က တန်ဖိုးနည်း Wired EarPods ကိုလည်း ထုတ်လုပ်ရောင်းချထားပါတယ်။ အဲဒီ EarPods တွေမှာ Lightning Connector ပါပြီး ၂၉ ဒေါ်လာပဲရှိတဲ့အတွက် ဈေးတော်တော် ချိုပါတယ်။ မြန်မာငွေ ၄ သောင်းလောက်ပဲရှိပါတယ်။

Apple က လာမယ့်နှစ်ထုတ် iPhone တွေမှာ စွမ်းရည်မြင့်မားတဲ့ AirPods တွေနဲ့ တွဲဖက် ရောင်းချချင်တဲ့ သဘော ဖြစ်ပါတယ်။ Apple AirPods တွေဟာ ကမ္ဘာမှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး AirPods တွေကို iPhone နဲ့ တွဲဖက် ရောင်းချရင် ရောင်းအားက ပိုလန်းလာမှာပါ။

Ref : gizmochina