[Zawgyi]

ၿပီးခဲ့တဲ့ လတုန္းက Apple ဟာ MacBook Pro ေမာ္ဒယ္အေဟာင္းတခ်ိဴ႕မွာ ဘက္ထရီျပႆနာရွိေနတာေၾကာင့္ သူတို႔ရဲ႕ တရားဝင္ ဆားဗစ္စင္တာေတြမွာ ဘက္ထရီလဲလွယ္ဖို႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ Apple ရဲ႕ ေျပာၾကားခ်က္မ်ားအရ ၂၀၁၅ခုႏွစ္ စက္တင္ဘာလကေန ၂၀၁၇ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေရာင္းခ်ခဲ့တဲ့ ၁၅လက္မ MacBook Pro ေတြဟာ အပူလြန္ကဲၿပီး အႏၲရာယ္ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Apple အေနနဲ႔ အဆိုပါ MacBook Pro ေတြရဲ႕ ဘက္ထရီေတြကို အခမဲ့ လဲလွယ္ေပးမယ့္ အစီအစဥ္ကို ျပဳလုပ္လိုက္ရတာ ျဖစ္ပါတယ္။

Apple ဟာ သူတို႔ရဲ႕ ေၾကညာခ်က္ကို ၿပီးခဲ့တဲ့ ဇြန္လ ၂၀ရက္ေန႔တုန္းက ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာဘဲ ဇြန္လ ၁၇ရက္ေန႔မွာ MacBook Pro တစ္လုံး မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ပါတယ္။ Apple ေၾကညာခ်က္ မထုတ္ျပန္ခင္ ၃ရက္ အလိုမွာပါ။ Apple ရဲ႕ ေၾကညာခ်က္ကပဲ ေနာက္က်သြားတာလား ဒါမွမဟုတ္ မီးေလာင္ကြၽမ္းသြားတဲ့ MacBook Pro ရဲ႕ ပိုင္ရွင္ျဖစ္သူ Steve Gagne ကပဲ ကံဆိုးသြားတာလားဆိုတာ မေျပာတတ္ပါဘူး။ Steve Gagne ကေတာ့ သူရဲ႕ MacBook Pro ဟာ Screen ပိတ္ၿပီး Sleep Mode ျဖစ္ေနတဲ့အခ်ိန္မွာ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း Facebook ေပၚမွာ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ အဆိုပါ MacBook Pro ဟာ အားသြင္းႀကိဳးလည္း တပ္မထားဘူးလို႔ သိရပါတယ္။

Steve Gagne ရဲ႕ အျဖစ္အပ်က္ကို ၾကည့္ျခင္းအားျဖင့္ ၁၅လက္မ MacBook Pro ေတြရဲ႕ ဘက္ထရီ ျပႆနာဟာ MacBook သာမက လူနဲ႔ ေနအိမ္ေတြကိုပါ ဒုကၡေပးႏိုင္တယ္ဆိုတာ သိလိုက္ရပါတယ္။ ဒါ့ေၾကာင့္ ၁၅လက္မ MacBook Pro ပိုင္ရွင္မ်ားအေနနဲ႔ မေပါ့ဆသင့္ပါဘူး။ တကယ္လို႔ စာဖတ္သူဟာ ၁၅လက္မ MacBook Pro တစ္လုံးကို ပိုင္ဆိုင္ထားသူဆိုရင္ မိမိရဲ႕ MacBook Pro ဟာ ဘက္ထရီလဲရမယ့္ MacBook Pro ေတြထဲ ပါ၊ မပါကို ဒီလင့္မွာ Serial Number ႐ိုက္ထည့္ၿပီး စစ္ေဆးႏိုင္ပါတယ္။

Ref : 9To5Mac

[Unicode]

Apple MacBook Pro တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပြီးခဲ့တဲ့ လတုန်းက Apple ဟာ MacBook Pro မော်ဒယ်အဟောင်းတချိူ့မှာ ဘက်ထရီပြဿနာရှိနေတာကြောင့် သူတို့ရဲ့ တရားဝင် ဆားဗစ်စင်တာတွေမှာ ဘက်ထရီလဲလှယ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ Apple ရဲ့ ပြောကြားချက်များအရ ၂၀၁၅ခုနှစ် စက်တင်ဘာလကနေ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့တဲ့ ၁၅လက်မ MacBook Pro တွေဟာ အပူလွန်ကဲပြီး အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ အဆိုပါ MacBook Pro တွေရဲ့ ဘက်ထရီတွေကို အခမဲ့ လဲလှယ်ပေးမယ့် အစီအစဥ်ကို ပြုလုပ်လိုက်ရတာ ဖြစ်ပါတယ်။

Apple ဟာ သူတို့ရဲ့ ကြေညာချက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာဘဲ ဇွန်လ ၁၇ရက်နေ့မှာ MacBook Pro တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ Apple ကြေညာချက် မထုတ်ပြန်ခင် ၃ရက် အလိုမှာပါ။ Apple ရဲ့ ကြေညာချက်ကပဲ နောက်ကျသွားတာလား ဒါမှမဟုတ် မီးလောင်ကျွမ်းသွားတဲ့ MacBook Pro ရဲ့ ပိုင်ရှင်ဖြစ်သူ Steve Gagne ကပဲ ကံဆိုးသွားတာလားဆိုတာ မပြောတတ်ပါဘူး။ Steve Gagne ကတော့ သူရဲ့ MacBook Pro ဟာ Screen ပိတ်ပြီး Sleep Mode ဖြစ်နေတဲ့အချိန်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း Facebook ပေါ်မှာ ပြောကြားထားပါတယ်။ ဒါ့အပြင် အဆိုပါ MacBook Pro ဟာ အားသွင်းကြိုးလည်း တပ်မထားဘူးလို့ သိရပါတယ်။

Steve Gagne ရဲ့ အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ၁၅လက်မ MacBook Pro တွေရဲ့ ဘက်ထရီ ပြဿနာဟာ MacBook သာမက လူနဲ့ နေအိမ်တွေကိုပါ ဒုက္ခပေးနိုင်တယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါ့ကြောင့် ၁၅လက်မ MacBook Pro ပိုင်ရှင်များအနေနဲ့ မပေါ့ဆသင့်ပါဘူး။ တကယ်လို့ စာဖတ်သူဟာ ၁၅လက်မ MacBook Pro တစ်လုံးကို ပိုင်ဆိုင်ထားသူဆိုရင် မိမိရဲ့ MacBook Pro ဟာ ဘက်ထရီလဲရမယ့် MacBook Pro တွေထဲ ပါ၊ မပါကို ဒီလင့်မှာ Serial Number ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။

Ref : 9To5Mac