[Unicode]

Apple က Maps အတွက် Update အသစ်ကို ဖြန့်ချိပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Maps ဒီဇိုင်း အသစ်ပါလာပြီး အရင်ကထက် ပိုမို အသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်လာပါတယ်။ တည်နေရာတွေကို ရှာဖွေတာနဲ့ Navigate လုပ်ရတာ ပိုကောင်းလာပါတယ်။ ဈေးဝယ်စင်တာ၊ လေဆိပ်၊ ပန်းခြံ၊ လမ်းနဲ့ အဆောက်အဦးတွေရဲ့ ရှုခင်းတွေ ပိုကောင်းလာပြီး Apple က Update မှာ Navigation က ပိုတိကျလာတယ်လို့ ပြောပါတယ်။

ဒါတင် မကသေးပါဘူး။ လုပ်ဆောင်ချက် အသစ် ၂ ခုလည်း ပါလာပါတယ်။ Google Maps မှာတော့ ဒီလုပ်ဆောင်ချက်တွေ သုံးလို့ရနေပြီးသားပါ။ ဒါပေမယ့် Apple Maps မှာ ဒီလုပ်ဆောင်ချက်တွေကို နာမည် ကွဲပြားအောင် လုပ်ထားပါတယ်။ ပထမ ၁ ခုက “Collections” ဖြစ်ပြီး Apple Maps Users တွေက Saved Destinations စာရင်းကို ဖန်တီး ၊ မျှဝေနိုင်ပါတယ်။ နောက် ၁ ခုက “ Look Around” ဖြစ်ပြီး Google Maps ရဲ့ Street View နဲ့ တော်တော် တူပါတယ်။ လက်ရှိမှာ “ Look Around” ကို New York City, San Francisco Bay Area, Los Angeles, Las Vegas, Houston နဲ့ Oahu မြို့တွေမှာပဲ သုံးနိုင်သေးပြီး နောက်ပိုင်းမှာ တခြား မြို့တွေအတွက်ပါ ပြုလုပ်ပေးမှာပါ။

Users တွေက Favorites List ကို ပြုလုပ်နိုင်တဲ့အတွက် ခလုတ် ၁ ချက်နှိပ်တာနဲ့ မြန်မြန် Navigate လုပ်နိုင်ပါတယ်။ Favorites ကို Main Screen ကနေ သုံးနိုင်ပါတယ်။ အခုဆိုရင် San Francisco, Washington DC, New York, Los Angeles နဲ့ Miami တို့အတွက် Transit Schedules တွေကို အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်ပါပြီ။ သင် သွားနေတဲ့ လမ်းကြောင်းကို သူငယ်ချင်းတွေနဲ့ မျှဝေနိုင်တဲ့အတွက် သင့် နောက်ကို လိုက်လာဖို့ အဆင်ပြေလာပါပြီ။

လက်ရှိမှာ Apple က ဒီလုပ်ဆောင်ချက် အသစ်တွေကို အမေရိကန်အတွက်ပဲ ဖြန့်ချိပေးထားပြီး လာမယ့်လတွေမှာ ဥရောပမှာပါ သုံးလို့ရအောင် ပြုလုပ်ပေးမှာပါ။

Ref : gsmarena

[Zawgyi]

Apple Maps အတြက္ Navigation ပိုေကာင္းတဲ့ Update ထြက္ရွိ

Apple က Maps အတြက္ Update အသစ္ကို ျဖန႔္ခ်ိေပးလိုက္တယ္လို႔ ေၾကညာလိုက္ပါတယ္။ Maps ဒီဇိုင္း အသစ္ပါလာၿပီး အရင္ကထက္ ပိုမို အေသးစိတ္က်တဲ့ သတင္းအခ်က္အလက္ေတြကို ျပသေပးႏိုင္လာပါတယ္။ တည္ေနရာေတြကို ရွာေဖြတာနဲ႔ Navigate လုပ္ရတာ ပိုေကာင္းလာပါတယ္။ ေဈးဝယ္စင္တာ၊ ေလဆိပ္၊ ပန္းၿခံ၊ လမ္းနဲ႔ အေဆာက္အဦးေတြရဲ႕ ရႈခင္းေတြ ပိုေကာင္းလာၿပီး Apple က Update မွာ Navigation က ပိုတိက်လာတယ္လို႔ ေျပာပါတယ္။

ဒါတင္ မကေသးပါဘူး။ လုပ္ေဆာင္ခ်က္ အသစ္ ၂ ခုလည္း ပါလာပါတယ္။ Google Maps မွာေတာ့ ဒီလုပ္ေဆာင္ခ်က္ေတြ သုံးလို႔ရေနၿပီးသားပါ။ ဒါေပမယ့္ Apple Maps မွာ ဒီလုပ္ေဆာင္ခ်က္ေတြကို နာမည္ ကြဲျပားေအာင္ လုပ္ထားပါတယ္။ ပထမ ၁ ခုက “Collections” ျဖစ္ၿပီး Apple Maps Users ေတြက Saved Destinations စာရင္းကို ဖန္တီး ၊ မွ်ေဝႏိုင္ပါတယ္။ ေနာက္ ၁ ခုက “ Look Around” ျဖစ္ၿပီး Google Maps ရဲ႕ Street View နဲ႔ ေတာ္ေတာ္ တူပါတယ္။ လက္႐ွိမွာ “ Look Around” ကို New York City, San Francisco Bay Area, Los Angeles, Las Vegas, Houston နဲ႔ Oahu ၿမိဳ႕ေတြမွာပဲ သုံးႏိုင္ေသးၿပီး ေနာက္ပိုင္းမွာ တျခား ၿမိဳ႕ေတြအတြက္ပါ ျပဳလုပ္ေပးမွာပါ။

Users ေတြက Favorites List ကို ျပဳလုပ္ႏိုင္တဲ့အတြက္ ခလုတ္ ၁ ခ်က္ႏွိပ္တာနဲ႔ ျမန္ျမန္ Navigate လုပ္ႏိုင္ပါတယ္။ Favorites ကို Main Screen ကေန သုံးႏိုင္ပါတယ္။ အခုဆိုရင္ San Francisco, Washington DC, New York, Los Angeles နဲ႔ Miami တို႔အတြက္ Transit Schedules ေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ၾကည့္ႏိုင္ပါၿပီ။ သင္ သြားေနတဲ့ လမ္းေၾကာင္းကို သူငယ္ခ်င္းေတြနဲ႔ မွ်ေဝႏိုင္တဲ့အတြက္ သင့္ ေနာက္ကို လိုက္လာဖို႔ အဆင္ေျပလာပါၿပီ။

လက္ရွိမွာ Apple က ဒီလုပ္ေဆာင္ခ်က္ အသစ္ေတြကို အေမရိကန္အတြက္ပဲ ျဖန႔္ခ်ိေပးထားၿပီး လာမယ့္လေတြမွာ ဥေရာပမွာပါ သုံးလို႔ရေအာင္ ျပဳလုပ္ေပးမွာပါ။

Ref : gsmarena