Apple က AI App Store အသစ်ကို WWDC 2024 မှာ ကြေညာနိုင်ပါတယ်။ သာမာန်အားဖြင့် Apple ဟာ ကိုယ်ပိုင် App တွေကို ဖန်တီးပြီး သူ့ရဲ့ Operating System မှာ AI Feature တွေကို ထည့်သွင်းလေ့ရှိပါတယ်။

ဒါပေမယ့် လေ့လာဆန်းစစ်သူ Ben Reitzes က Apple ဟာ Developer များစွာထံက AI App တွေအတွက် ပလက်ဖောင်း ၁ ခုကို ဖန်တီးဖို့ ဦးစားပေးထားနိုင်တယ်လို့ ပြောပါတယ်။

Apple

Apple ဟာ iTunes နဲ့ iPhone App Store  တို့လို App Store တွေနဲ့ အောင်မြင်ခဲ့ပြီး အလားတူပဲ AI App Store ဟာလည်း အောင်မြင်နိုင်ပါတယ်။ Apple ဟာ တခြား ကုမ္ပဏီတွေကို သူ့ပလက်ဖောင်းထံ လာရောက်ဖို့ စွဲဆောင်နိုင်ပါတယ်။

Apple AI - Anakin Blog

Reitzes က Apple ဟာ WWDC မှာ AI App တွေကို ဝယ်ယူနိုင်တဲ့ နည်းလမ်းကို ပြသမယ်လို့ ပြောပါတယ်။ အဲဒီ App Store မှာ Apple AI Assistant (အဆင့်မြှင့်ထားတဲ့ Siri) နဲ့ ပြိုင်ဖက်တွေရဲ့ AI Assistant တွေ ပါလာနိုင်ပါတယ်။

Apple ဟာ သူ့ရဲ့ AI App Store မှာ Google နဲ့ Baidu တို့လို ကုမ္ပဏီတွေရဲ့ AI Service တွေ ထည့်သွင်းဖို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်နေပါတယ်။ WWDC ကို ဇွန်လမှာ ကျင်းပမှာ ဖြစ်ပြီး Apple AI App Store အကြောင်းကို အဲဒီပွဲမှာ အသေးစိတ်သိရမှာပါ။

Ref : gizmochina