Apple ကနေ သူရဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်တဲ့ Touch ID ကို အလျှင်အမြန်ပိတ်ထားနိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးခဲ့ပါတယ်။ အဆိုပါ Feature က Emergency Service ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး Touch ID ကိုပါ အသုံးပြု၍မရအောင် ပိတ်လိုက်တာဖြစ်ပါတယ်။

အခုဒီ Feature ကို အသုံးပြုဖို့ချင်တယ်ဆိုရင်တော့ Power ခလုတ်ကို ၅ ကြိမ် အမြန်နှိပ်လိုက်တာနဲ့ 911 သို့မဟုတ် Emergency Number တစ်ခုခုကို ချက်ချင်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ မခေါ်တော့ပဲ ဖုန်းကို ပြန်ပြီး Unlock ပြုလုပ်မယ်ဆိုရင်တော့ Passcode ကို ပြန်လည်ထည့်သွင်းမှရတော့မှာပဲဖြစ်ပါတယ်။

ယခင် iOS Version တွေတုန်းက Apple ရဲ့ Touch ID ကို ပိတ်ချင်တယ်ဆိုရင် iPhone ကို Restart ချပြီး ရက်အတော်ကြာ အသုံးမပြုပဲ Passcode တောင်းခံတဲ့အထိ စောင့်ဆိုင်းတာ၊ Fingerprint မထည့်သွင်းထားတဲ့ လက်ချောင်းနဲ့ အကြိမ်ကြိမ်ဖွင့်ဖို့ ကြိုးစားတာ၊ ဒါမှမဟုတ် Setting ထဲကနေ Touch ID ကို သွားပိတ်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။

Apple ရဲ့ Touch ID စနစ်ကိုအခုလိုပိတ်နိုင်တာက အရမ်းအရေးကြီးတာမျိုးမဟုတ်ပေမယ့် အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ အမှုအခင်းတစ်ခုဖြစ်တဲ့အခါ ရဲဌာနက လက်ဗွေရယူပြီး ဖုန်းကိုဖွင့်နိုင်တဲ့အတွက် အခု Feature ကို Cop Button လို့တောင် ခေါ်ဆိုနေကြတာဖြစ်ပါတယ်။ တလောကလည်း အမေရိကန် Michigan ပြည်နယ်က ရဲတွေက အသတ်ခံခဲ့ရတဲ့လူရဲ့ 3D Printed Fingerprint ကို ရယူပြီး ၎င်းရဲ့ ဖုန်းကိုဖွင့်ပြီး အသုံးပြုနိုင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ အ

ဘာပဲဖြစ်ဖြစ် အခုလို လုံခြုံရေးအတွက် အရေးပါတယ်လို့ ပြောလို့ရတဲ့ Feature တစ်ခုကို လက်ရှိ iOS 11 နောက်ဆုံး Beta Version တင်ထားတဲ့သူတိုင်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။