ဥရောပသမဂ္ဂရဲ့ ဒစ်ဂျစ်တယ် ဈေးကွက် ဥပဒေရဲ့ ဖိအားကြောင့် Apple ဟာ iOS, App Store နဲ့ ဘရောက်စာ အလုပ်လုပ်ပုံတွေကို ကြီးကြီးမားမား ပြောင်းလဲရတော့မှာပါ။ ဒီ ပြောင်းလဲမှုတွေဟာ ဥရောပသမဂ္ဂမှာ iOS 17.4 ထွက်တဲ့ မတ်လမှာ စတင် အကျိုးသက်ရောက်မှာပါ။
ဘရောက်စာအကြောင်းစပြောရရင် Safari မဟုတ်တဲ့ တခြား ဘရောက်စာတွေကို Default ဘရောက်စာအဖြစ် သတ်မှတ်လို့ရထားပြီးသားပါ။ ဒါပေမယ့် အဲဒီ ဘရောက်စာမှာ Safari’s WebKit Rendering Engine ကို အသုံးပြုရပါတယ်။ ဒါဟာပြောင်းလဲတော့မှာ ဖြစ်ပြီး ဘရောက်စာတိုင်းဟာ ကြိုက်တဲ့ Engine ကို အသုံးပြုလို့ရလာမှာပါ။
ပိုကြီးမားတဲ့ ပြောင်းလဲမှုက Apple ဟာ iOS မှာ တခြား App Store တွေကို အသုံးပြုခွင့်ပေးတော့မှာပါ။ Apple က ဒါဟာ User တွေအတွက် အန္တရာယ်ရှိတဲ့အတွက် ဘယ် Store ကနေပဲ ဖြစ်ဖြစ် App အားလုံးကို စစ်ဆေးပေးသွားမယ်လို့ ပြောပါတယ်။ အလိုအလျှောက် စစ်ဆေးတဲ့ စနစ်နဲ့ လူသားက စစ်ဆေးတဲ့ စနစ် ၂ ခုကို အသုံးပြုသွားမှာပါ။
နောက်တစ်ခုက NFC ကို ဥရောပသမဂ္ဂမှ iPhone တွေမှာ ကျယ်ပြန့်စွာ သုံးနိုင်မှာပါ။ တခြား Wallet နဲ့ Banking App တွေမှာ Tap to Pay ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး မိုဘိုင်း ငွေပေးချေမှုအတွက် Default နည်းလမ်းကို သတ်မှတ်နိုင်မှာပါ။
Ref : gsmarena