[Zawgyi]

လြန္ခဲ့တဲ့ ၃ ရက္ေလာက္ Apple နဲ႔ Qualcomm တို႔ဟာ တရားရင္ဆိုင္ေနၾကတာကို ရပ္တန႔္လိုက္ၿပီး Chipset အတြက္ သေဘာတူညီမႈအသစ္ကို ယူလိုက္ၾကၿပီလို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ၂၀၁၉ အျပင္ ၂၀၂၀ အတြက္ပါ 5G iPhone ထုတ္ဖို႔ အခက္အခဲျဖစ္ေနတဲ့ Apple အတြက္ ေ႐ြးခ်ယ္စရာက သိပ္မ်ားမ်ားစားစား ရွိခဲ့တာေတာ့ မဟုတ္ပါဘူး။

မူလက Qualcomm ရဲ႕ မ်ားျပားတဲ့ေဈးႏႈန္းေၾကာင့္ Intel နဲ႔ လက္တြဲဖို႔ ႀကိဳးစားခဲ့ေပမယ့္ လက္ေတြ႕မွာ Intel ရဲ႕ ေနာက္က်မႈေတြေၾကာင့္ အလုပ္မျဖစ္ပါဘူး။ ဒီလိုနဲ႔ပဲ Huawei ကေတာင္ Apple အတြက္ သူတို႔ရဲ႕ Balong 5000 5G modem ကို ေရာင္းခ်ေပးဖို႔အဆင္သင့္ျဖစ္ေနတယ္လို႔ သတင္းလႊင့္ခဲ့ပါေသးတယ္။

Huawei ဘက္က ဒီသတင္းထြက္ေပၚလာၿပီး ေနာက္တစ္ပါတ္မွာပဲ Qualcomm နဲ႔ Apple တို႔ရဲ႕ သေဘာတူညီခ်က္အသစ္က ထြက္ေပၚလာတာပါ။ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကေန စတင္ အသက္ဝင္ေနၿပီျဖစ္တဲ့ ဒီသေဘာတူညီမႈဟာ ၆ ႏွစ္သက္တမ္း ၾကာျမင့္မွာ ျဖစ္ပါတယ္။

သေဘာတူညီမႈေနာက္ကြယ္က Qualcomm ကို ေပးေခ်ရမယ့္ ေငြပမာဏကို မေဖာ္ျပခဲ့ၾကေပမယ့္ ေလ့လာဆန္းစစ္သူေတြကေတာ့ Apple iPhone တစ္လုံးမွာ 5G Modem chip တစ္ခု တပ္ဆင္အသုံးျပဳတိုင္း ၈ ေဒၚလာကေန ၉ ေဒၚလာၾကား ေပးေခ်ရဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီ ၉ ေဒၚလာဟာလည္း သက္တမ္း ၆ ႏွစ္အတြက္ပဲ ျဖစ္ၿပီး စာခ်ဳပ္ပါကာလ ေက်ာ္လြန္သြားရင္ Apple အေနနဲ႔ Qualcomm နဲ႔ သေဘာတူညီမႈအသစ္ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

5G Modem Chip တစ်ခုကို ၉ ဒေါ်လာနှုန်းပေးရဖွယ်ရှိကြောင်း ဆန်းစစ်သူများက ဖော်ပြကြ

လွန်ခဲ့တဲ့ ၃ ရက်လောက် Apple နဲ့ Qualcomm တို့ဟာ တရားရင်ဆိုင်နေကြတာကို ရပ်တန့်လိုက်ပြီး Chipset အတွက် သဘောတူညီမှုအသစ်ကို ယူလိုက်ကြပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၉ အပြင် ၂၀၂၀ အတွက်ပါ 5G iPhone ထုတ်ဖို့ အခက်အခဲဖြစ်နေတဲ့ Apple အတွက် ရွေးချယ်စရာက သိပ်များများစားစား ရှိခဲ့တာတော့ မဟုတ်ပါဘူး။

မူလက Qualcomm ရဲ့ များပြားတဲ့ဈေးနှုန်းကြောင့် Intel နဲ့ လက်တွဲဖို့ ကြိုးစားခဲ့ပေမယ့် လက်တွေ့မှာ Intel ရဲ့ နောက်ကျမှုတွေကြောင့် အလုပ်မဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ Huawei ကတောင် Apple အတွက် သူတို့ရဲ့ Balong 5000 5G modem ကို ရောင်းချပေးဖို့အဆင်သင့်ဖြစ်နေတယ်လို့ သတင်းလွှင့်ခဲ့ပါသေးတယ်။

Huawei ဘက်က ဒီသတင်းထွက်ပေါ်လာပြီး နောက်တစ်ပါတ်မှာပဲ Qualcomm နဲ့ Apple တို့ရဲ့ သဘောတူညီချက်အသစ်က ထွက်ပေါ်လာတာပါ။ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ စတင် အသက်ဝင်နေပြီဖြစ်တဲ့ ဒီသဘောတူညီမှုဟာ ၆ နှစ်သက်တမ်း ကြာမြင့်မှာ ဖြစ်ပါတယ်။

သဘောတူညီမှုနောက်ကွယ်က Qualcomm ကို ပေးချေရမယ့် ငွေပမာဏကို မဖော်ပြခဲ့ကြပေမယ့် လေ့လာဆန်းစစ်သူတွေကတော့ Apple iPhone တစ်လုံးမှာ 5G Modem chip တစ်ခု တပ်ဆင်အသုံးပြုတိုင်း ၈ ဒေါ်လာကနေ ၉ ဒေါ်လာကြား ပေးချေရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ ၉ ဒေါ်လာဟာလည်း သက်တမ်း ၆ နှစ်အတွက်ပဲ ဖြစ်ပြီး စာချုပ်ပါကာလ ကျော်လွန်သွားရင် Apple အနေနဲ့ Qualcomm နဲ့ သဘောတူညီမှုအသစ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Ref: GSMArena