Apple နောက်ထုတ်မယ့် Powerbeats 4 ရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့လက စတင် ထွက်လာခဲ့ပြီး နားကြပ်ရဲ့ ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ အခုတော့ နောက်ထပ် ဓါတ်ပုံတွေ ထပ်ထွက်ပေါ်လာပြီး အဖြူ၊ အနက်နဲ့ အနီရောင်တွေ တွေ့ရပါတယ်။

စတုတ္ထမျိုးဆက် Powerbeats ရဲ့ ဒီဇိုင်းဟာ အရင်နှစ်ထုတ် Powerbeats Pro နဲ့ တူပေမယ့် နားကြပ် ၂ ခုကို ကြိုးနဲ့ချိတ်ဆက်ထားပါတယ်။ ညာဘက်က နားကြပ်မှာ အသံခလုတ်နဲ့ ဘယ်ဘက်က နားကြပ်မှာ ပါဝါ/ Voice Assistant Button တပ်ဆင်ထားပါတယ်။

မော်ဒယ် အသစ်မှာ Apple H1 Sound Chip ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်းက ၁၅ နာရီအထိ ခံတဲ့အတွက် တော်တော်မိုက်ပါတယ်။ ပိုမိုမာကျောအောင် ဖန်တီးထားပြီး ၅ မိနစ်အားသွင်းရင် မိနစ် ၆၀ သီချင်းနားထောင်နိုင်တဲ့ အားအမြန်သွင်းတဲ့ နည်းပညာ အသစ် ပါလာမှာပါ။ Apple က Type-C Connector သုံးထားမယ်လို့ ထင်ရပါတယ်။

Powerbeats 4 ရဲ့ ဈေးနှုန်း ပေါက်ကြားထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ Powerbeats 3 ကို ဒေါ်လာ ၂၀၀ နဲ့ ရောင်းချထားပြီး Powerbeats 4 ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena