Apple ဟာ iPhone အတွက် ကာလရှည်ကြာစွာ Software Update ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ဘယ်နှစ်နှစ် ပေးမလဲ ဆိုတာ ဘယ်တော့မှ မပြောပါဘူး။

Android လောကမှာတော့ ကုမ္ပဏီတွေဟာ Software Support ဘယ်နှစ်နှစ် ပေးမလဲ ဆိုတာ အတိအလင်း ကြေညာလေ့ရှိပါတယ်။ ကုမ္ပဏီတွေထဲမှာ Google နဲ့ Samsung က အကြာဆုံး ပေးလေ့ရှိပြီး စွမ်းရည်မြင့် ဖုန်းတွေအတွက် ၇ နှစ်တောင်ပေးထားပါတယ်။

Apple promises five years of software support for the iPhone 15, two less than Google and Samsung

အခုတော့ UK ဥပဒေအသစ်အရ iPhone အတွက် အနည်းဆုံး Software Support ပေးမယ့် အချိန်ကို ကြေညာလိုက်ရပါတယ်။ Apple က iPhone 15 Series အတွက် Software Update ကို ၅ နှစ်ပေးမယ်လို့ ပြောပါတယ်။ Google နဲ့ Samsung ထက် ၂ နှစ် နည်းပါးပါတယ်။ ဒါပေမယ့် Apple က ၅ နှစ်ဆိုတာဟာ အနည်းဆုံးပေးမယ့် အချိန်လို့ ပြောပါတယ်။

Apple unveils iPhone 15 Pro and iPhone 15 Pro Max - Apple

Apple ဟာ Software Update ကို ၅ နှစ်ထက်ပိုပြီး ပေးနိုင်ပါတယ်။ Apple က ၅ နှစ်အထိပဲ ပေးမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အနည်းဆုံး ၅ နှစ်ပေးမယ်လို့ ပြောတာပါ။

Apple ရဲ့ iPhone အတွက် Software Update ပေးမယ့် အချိန်ကာလကို ပြောကြားတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ Apple က Android ကုမ္ပဏီနဲ့ တန်းတူ Software Support ပေးမယ်လို့ မပြောသေးပါဘူး။

Ref : gsmarena