[Zawgyi]

CNBC က ေရးသားေဖာ္ျပတဲ့သတင္းအရ Apple ဟာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈကို ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ထြက္ေပၚလာတဲ့ အစီရင္ခံစာအရလည္း Apple ရဲ႕ သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ အသုံးစရိတ္ဟာ စံခ်ိန္တင္ပမာဏ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

Apple ဟာ သုံးလပတ္ကာလအတြင္းမွာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ ေဒၚလာ ၄.၂ ဘီလီယံအထိ အသုံးျပဳခဲ့ၿပီး ဒါဟာ စုစုေပါင္း ဝင္ေငြရဲ႕ ၇.၉ ရာခိုင္ႏႈန္းအထိ ျဖစ္ခဲ့ပါတယ္။ ဒီပမာဏဟာ ၂၀၁၃ ခုႏွစ္ၿပီးရင္ အျမင့္မားဆုံး အျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း CNBC က ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Apple ရဲ႕ iPhone ေရာင္းအားေတြက်ဆင္းေနရျခင္းက သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံေစတဲ့ အေၾကာင္းရင္းတစ္ရပ္ျဖစ္လာပါတယ္။ ၿပီးခဲ့တဲ့ သုံးလပတ္ကာလအတြင္း iPhone ကတစ္ဆင့္ရရွိတဲ့ဝင္ေငြဟာ ၿပီးခဲ့တဲ့ႏွစ္ ကာလတူနဲ႔ ႏႈိင္းယွဥ္ရင္ ၁၂ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ Apple ဟာ Core technologies ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံလိုက္တာ ျဖစ္ပါတယ္။ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ကုန္က်စရိတ္ကလည္း အမ်ားအျပားရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ဘက္က ျပန္ၾကည့္ရင္ Apple ရဲ႕ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးအတြက္ အသုံးျပဳတဲ့ ကုန္က်စရိတ္ဟာ အျခားနည္းပညာကုမၸဏီႀကီးေတြရဲ႕ ေနာက္မွာပဲ ရွိေနေသးတာပါ။ တူညီတဲ့ သုံးလပတ္ကာလအတြင္း Microsoft ဟာ ဝင္ေငြရဲ႕ ၁၃.၄ ရာခိုင္ႏႈန္းကို အသုံးျပဳခဲ့ၿပီး Google ကေတာ့ ဝင္ေငြရဲ႕ ၁၅.၇ ရာခိုင္ႏႈန္းကို သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ အသုံးျပဳခဲ့ၾကတာကို ေတြ႕ရပါတယ္။

“ကြၽန္ေတာ္တို႔ဟာ အသုံးျပဳသူအေတြ႕အႀကဳံကို ပိုၿပီးတိုးတက္ေကာင္းမြန္ေစၿပီး ကြၽန္ေတာ္တို႔ရဲ႕ ထုတ္ကုန္နဲ႔ဝန္ေဆာင္မႈဟာ ေဈးကြက္တြင္းနဲ႔ ကြဲျပားျခားနားေစခ်င္ပါတယ္။ ဒီလိုမ်ိဳးလည္း ဆက္ၿပီးလုပ္သြားဦးမွာပါ။ ရင္းႏွီးျမႇဳပ္ႏွံမႈ အခ်ိဳ႕ရွိေနတာမွန္ပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔အတြက္ အလြန္ပဲ မဟာဗ်ဴဟာက်ၿပီး ေရရွည္အတြက္ျဖစ္ပါတယ္” လို႔ Apple CFO Luca Maestri က အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္။

Ref: 9To5Mac

[Unicode]

Tim Cook လက်ထက်မှာ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်  ငွေပိုသုံးလာတဲ့ Apple

CNBC က ရေးသားဖော်ပြတဲ့သတင်းအရ Apple ဟာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ အစီရင်ခံစာအရလည်း Apple ရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသုံးစရိတ်ဟာ စံချိန်တင်ပမာဏ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Apple ဟာ သုံးလပတ်ကာလအတွင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဒေါ်လာ ၄.၂ ဘီလီယံအထိ အသုံးပြုခဲ့ပြီး ဒါဟာ စုစုပေါင်း ဝင်ငွေရဲ့ ၇.၉ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၃ ခုနှစ်ပြီးရင် အမြင့်မားဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း CNBC က ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Apple ရဲ့ iPhone ရောင်းအားတွေကျဆင်းနေရခြင်းက သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ပိုပြီးရင်းနှီးမြှုပ်နှံစေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ်ကာလအတွင်း iPhone ကတစ်ဆင့်ရရှိတဲ့ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် Apple ဟာ Core technologies တွေမှာ ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်ကျစရိတ်ကလည်း အများအပြားရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်ရင် Apple ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံးပြုတဲ့ ကုန်ကျစရိတ်ဟာ အခြားနည်းပညာကုမ္ပဏီကြီးတွေရဲ့ နောက်မှာပဲ ရှိနေသေးတာပါ။ တူညီတဲ့ သုံးလပတ်ကာလအတွင်း Microsoft ဟာ ဝင်ငွေရဲ့ ၁၃.၄ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး Google ကတော့ ဝင်ငွေရဲ့ ၁၅.၇ ရာခိုင်နှုန်းကို သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။

“ကျွန်တော်တို့ဟာ အသုံးပြုသူအတွေ့အကြုံကို ပိုပြီးတိုးတက်ကောင်းမွန်စေပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုဟာ ဈေးကွက်တွင်းနဲ့ ကွဲပြားခြားနားစေချင်ပါတယ်။ ဒီလိုမျိုးလည်း ဆက်ပြီးလုပ်သွားဦးမှာပါ။ ရင်းနှီးမြှုပ်နှံမှု အချို့ရှိနေတာမှန်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အလွန်ပဲ မဟာဗျူဟာကျပြီး ရေရှည်အတွက်ဖြစ်ပါတယ်” လို့ Apple CFO Luca Maestri က အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Ref: 9To5Mac