Apple iDevices အသုံးပြုသူတွေက ပြီးခဲ့တဲ့ရက်တုန်းက Springboard Bug လို့ခေါ်တဲ့ iOS Launcher က မကြာခဏ Crash ဖြစ်ပြီး အသုံးပြုလို့မရတော့တာ၊ ဖုန်းက Notification ဝင်လာတဲ့အချိန်မှာ Reboot ကျသွားတာ စတဲ့ Error တွေမျိုးစုံတက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Apple ကနေ Update အသစ်ဖြစ်တဲ့ iOS 11.2 Version ကို အလျှင်အမြန် ထုတ်ပေးလိုက်ပြီး အဆိုပါ Error ကို ပြန်လည်ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ iOS 11.2 Update အသစ်မှာဆိုရင် Apple Pay Cash Support Feature အသစ်၊ iPhone X, iPhone 8 နဲ့ iPhone 8 Plus ဖုန်းတွေအတွက် Fast Wireless Charging နည်းပညာ နဲ့ Camera Stabilization တွေကိုပါ ထည့်သွင်းပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Update အသစ်ကို iDevices တွေကနေ Update အနေနဲ့ တိုက်ရိုက် Download ပြုလုပ်နိုင်မှာဖြစ်သလို iTunes နဲ့ ချိတ်ဆက်ပြီးလည်း Update ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။