Apple က Device များစွာအတွက် အရေးကြီးတဲ့ Update အသစ်တွေကို ဖြန့်ချိပေးလိုက်ပါတယ်။ iOS 16 အကြောင်းစပြောရအောင်။ ဇွန်လမှာ ကြေညာခဲ့ပြီး iOS ရဲ့ နောက်ဆုံးထုတ် Update ဖြစ်ပါတယ်။ iPhone 8 နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေအတွက် ဖြန့်ချိလိုက်တာဖြစ်ပြီး ဒီသောကြာနေ့မှာ ရောင်းမယ့် iPhone 14 မော်ဒယ်အသစ်တွေမှာ ပါလာမှာပါ။ iPhone 14 Plus ကို အောက်တိုဘာလ ၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး iOS 16 ပါလာမှာပါ။

Apple releases iOS 16, iOS 15.7, iPadOS 15.7, watchOS 9, and tvOS 16

iOS 16 ကို မရတဲ့ သူတွေအတွက် Apple က iOS 15.7 ကို ဖြန့်ချိပေးလိုက်ပြီး Kernel ရဲ့ လုံခြုံရေးဟာကွက်များစွာကို ပြင်ဆင်ပေးထားသလို Contacts, Maps, Safari , Shortcuts နဲ့ WebKit က လုံခြုံရေး ပြဿနာတွေကို ဖာထေးပေးထားပါတယ်။ iPadOS 15.7 ကိုလည်း ဖြန့်ချိပေးလိုက်ပြီး အလားတူ ပြင်ဆင်မှုတွေကို ပြုလုပ်ပေးထားပါတယ်။ 15.x ရဲ့ နောက်ဆုံး Update ဖြစ်နိုင်ပြီး အဲဒီနောက်မှာ iPadOS 16 ကို ဖြန့်ချိမှာပါ။

Apple releases iOS 16, iOS 15.7, iPadOS 15.7, watchOS 9, and tvOS 16

watchOS 9 ကိုလည်း ဖြန့်ချိပေးလိုက်ပြီး Watch Face အသစ်တွေ၊ ဒီဇိုင်း ဆန်းသစ်ထားတဲ့ Notification ၊ Sleep Tracking မှာ Sleep Stages တွေကို ပြသပေးတာနဲ့ သင့် ဆေးကုသမှုကို တွက်ချက်ပေးတဲ့ Medication App အသစ် ပါလာပါတယ်။ Workoout App မှာ Custom Workout Option အသစ်တွေ ထည့်ထားပြီး watchOS 9 ကို Watch Series 4 နဲ့ မော်ဒယ်အသစ်တွေမှာ ရယူနိုင်ပါတယ်။

နောက်ဆုံးမှာ Apple က tvOS အသစ်ကို ဖြန့်ချိပေးလိုက်ပြီး tvOS 16 မှာ Nintendo Joy-Cons အတွက် Gamer Controller နဲ့ Nintendo Pro Controller တွေကို ထောက်ပံ့ပေးလိုက်ပါတယ်။

Ref : gsmarena