[Zawgyi]

အိပ္စက္မႈကို ေစာင့္ၾကည့္မွတ္တမ္းတင္ႏိုင္တဲ့ Sleep tracker သစ္ကို Apple က မိတ္ဆက္လိုက္ၿပီျဖစ္ပါတယ္။ ဒီ Sleep tracker ရဲ႕ နာမည္က Beddit ျဖစ္ပါတယ္။ Apple ဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက Beddit ကုမၸဏီကို ဝယ္ခဲ့ၿပီး အခုမွ ထုတ္ကုန္သစ္ကို ထုတ္ေရာင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Beddit ကုမၸဏီဟာ အိပ္စက္ျခင္းကို ေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ Hardware ေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple က ဝယ္ယူလိုက္တယ္ဆိုေပမယ့္ ထုတ္ကုန္ကိုေတာ့ Beddit 3.5 အျဖစ္နဲ႔ပဲ ထုတ္လုပ္ေရာင္းခ်တာ ျဖစ္ပါတယ္။

Beddit 3.5 ဟာ Apple ရဲ႕ ထုတ္ကုန္ေတြျဖစ္တဲ့ iPhone, Apple Watch တို႔နဲ႔ ခ်ိတ္ဆက္ၿပီး အသုံးျပဳႏိုင္ပါတယ္။ Beddit 3.5 ဟာ Sensor ေတြ ထည့္သြင္းထားတဲ့ ႀကိဳးျပားလို ပုံစံေထာက္လွမ္းေရး ကိရိယာပဲ ျဖစ္ပါတယ္။ ဒါကို အသုံးျပဳသူရဲ႕ အိပ္ယာခင္းေအာက္မွာ ထားရွိျခင္းအားျဖင့္ အိပ္စက္သူရဲ႕ အခ်က္အလက္ေတြကို ေထာက္လွမ္းေပးမွာ ျဖစ္ပါတယ္။

Beddit 3.5 က ေထာက္လွမ္းေပးတဲ့ အခ်က္အလက္ေတြကို iPhone, Apple Watch တို႔က မွတ္တမ္းတင္ေပးထားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခ်ိန္ဟာ ဘယ္ေလာက္ရွိတယ္၊ အခန္းအပူခ်ိန္က ဘယ္ေလာက္ျဖစ္တယ္၊ ေလထုစိုထိုင္းဆက ဘယ္ေလာက္ျဖစ္တယ္ စတာေတြအျပင္ ႏွလုံးခုန္ႏႈန္း၊ အသက္ရႈမႈပုံစံ စတာေတြကိုလည္း အေသးစိတ္ သိရွိႏိုင္မွာ ျဖစ္ပါတယ္။ Beddit Sleep Tracker ကို Apple Store ေတြနဲ႔ Website ေတြမွာ $150 (ျမန္မာေငြ ႏွစ္သိန္းသုံးေသာင္း ဝန္းက်င္) နဲ႔ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

Ref: The Verge

 

[Unicode]

အိပ်စက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နိုင်တဲ့ Sleep Tracker သစ်ကို Apple က မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Sleep tracker ရဲ့ နာမည်က Beddit ဖြစ်ပါတယ်။ Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက Beddit ကုမ္ပဏီကို ဝယ်ခဲ့ပြီး အခုမှ ထုတ်ကုန်သစ်ကို ထုတ်ရောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Beddit ကုမ္ပဏီဟာ အိပ်စက်ခြင်းကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ Hardware တွေကို ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့် Apple က ဝယ်ယူလိုက်တယ်ဆိုပေမယ့် ထုတ်ကုန်ကိုတော့ Beddit 3.5 အဖြစ်နဲ့ပဲ ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။

Beddit 3.5 ဟာ Apple ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ iPhone, Apple Watch တို့နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ Beddit 3.5 ဟာ Sensor တွေ ထည့်သွင်းထားတဲ့ ကြိုးပြားလို ပုံစံထောက်လှမ်းရေး ကိရိယာပဲ ဖြစ်ပါတယ်။ ဒါကို အသုံးပြုသူရဲ့ အိပ်ယာခင်းအောက်မှာ ထားရှိခြင်းအားဖြင့် အိပ်စက်သူရဲ့ အချက်အလက်တွေကို ထောက်လှမ်းပေးမှာ ဖြစ်ပါတယ်။

Beddit 3.5 က ထောက်လှမ်းပေးတဲ့ အချက်အလက်တွေကို iPhone, Apple Watch တို့က မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချိန်ဟာ ဘယ်လောက်ရှိတယ်၊ အခန်းအပူချိန်က ဘယ်လောက်ဖြစ်တယ်၊ လေထုစိုထိုင်းဆက ဘယ်လောက်ဖြစ်တယ် စတာတွေအပြင် နှလုံးခုန်နှုန်း၊ အသက်ရှုမှုပုံစံ စတာတွေကိုလည်း အသေးစိတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ Beddit Sleep tracker ကို Apple Store တွေနဲ့ Website တွေမှာ $150 (မြန်မာငွေ နှစ်သိန်းသုံးသောင်း ဝန်းကျင်) နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

 

Ref: The Verge