Huawei ဖုန်းတွေမှာ ဓါတ်ပုံထဲက လူတွေရဲ့ အဝတ်အစားတွေကို ချွတ်နိုင်တဲ့ AI Feature သတင်းထွက်လာပြီး ရက်အနည်းငယ်အတွင်းမှာပဲ Apple ဟာလည်း အလားတူ ပြဿနာကို ရင်ဆိုင်နေရပါတယ်။

Apple removes App using generative AI for nudes

Apple ဟာ “Art Generators” လို့ ကြေညာထားတဲ့ App ၃ ခုကို App Store ကနေ ဖယ်ရှားလိုက်ပါတယ်။ အဲဒီ App တွေဟာ ဓါတ်ပုံထဲက အမျိုးသမီးတွေရဲ့ အဝတ်အစားတွေကို အခမဲ့ ချွတ်ပေးမယ်လို့ အင်စတာဂရမ်နဲ့ ညစ်ညမ်း ဝက်ဘ်ဆိုက်တွေမှာကြော်ငြာနေပါတယ်။

Apple removes generative AI adult apps from the App Store

အဲဒီ App တွေဟာ AI ကို အသုံးပြုပြီး ညစ်ညမ်း ဓါတ်ပုံ အတုတွေကို ဖန်တီးပေးပါတယ်။ အဲဒီ ဓါတ်ပုံတွေဟာ လူတွေကို အရှက်ရစေသလို ငွေညှစ်ဖို့လည်းအသုံးပြုလာနိုင်ပါတယ်။

အဲဒီ App တွေဟာ ၂၀၂၂ ခုနှစ်ကတည်းက App Store မှာ ရှိနေတာက အံ့အားသင့်စရာကောင်းပါတယ်။ အဲဒီအထဲက App ၁ ခုကို Google က Play Store ကနေ ဒီနှစ်အတွင်း ဖယ်ရှားခဲ့ပါသေးတယ်။

Apple ရဲ့ App Store မှာ အဲဒီလို App တွေကို သေချာစွာ မစစ်ဆေးနိုင်ဘဲ တင်ထားခွင့်ပြုတဲ့ အားနည်းချက် ရှိနေတာ သေချာပါတယ်။

Ref : gizmochina