Apple ရဲ့ လက်ရှိအကောင်းဆုံးသော iPhone တစ်ခုဖြစ်တဲ့ Apple iPhone X က အခုနောက်ပိုင်းမှာ Face ID စနစ်မှာ Error တစ်ချို့တွေ့လာရပြီပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ တခါတလေမှာ Face ID စနစ်က အလုပ်မလုပ်ပဲ ဖုန်းကို Unlock မပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

Apple က အခုလိုမျိုးဖြစ်ပွားနေတဲ့ iPhone X တွေအသုံးပြုသူတွေကို ချက်ချင်းဖြေရှင်းတဲ့အနေနဲ့ Apple ရဲ့ Authorized Service Center တွေမှာ အခုပြဿနာဖြစ်ပွားတာမှန်ကန်တယ်ဆိုရင် အသစ်တစ်လုံးပြန်လည်လဲလှယ်ပေးခိုင်းလိုက်တယ်လို့ သိရပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး ပြဿနာဖြစ်ပွားရတာက iPhone X ရဲ့ Rear Camera ကြောင့်ဖြစ်ပွားတာဖြစ်ပြီးတော့ လောလောဆယ်မှာ နောက်ကျောဘက်မှာ ရှိတဲ့ ကင်မရာကို လဲလှယ်လိုက်တာကလည်း ဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

အခုလိုမျိုး ဖြစ်ပွားရတဲ့အကြောင်းအရင်းက အရှေ့ဘက်မှာ ရှိနေတဲ့ Selfie Camera နဲ့ အခြားသော Sensor တွေကနေ အလုပ်လုပ်တဲ့ Face ID စနစ်နဲ့ နောက်ကျောဘက်က Camera က မဆိုင်ပေမယ့်လည်း ယခင်တုန်းက Reddit Forum အသုံးပြုသူတစ်ဦးက iPhone X ရဲ့ Face ID နဲ့ နောက်ကျောဘက်က Telephotos Lens က ဆက်သွယ်ထားတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPhone X ကိုင်ထားလို့ Face ID စနစ်အလုပ်မလုပ်တော့ဘူးဆိုရင် Service Center ကို ပြသတာက လောလောဆယ်မှာ အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်မှာပါ။