Apple က AirPods Pro အတွက် Software Update ဖြန့်ချိပေးလိုက်ပြီး Version 2D15 ကနေ 2D27 ဖြစ်သွားပါတယ်။ Apple က Update ရဲ့ Changelog တွေကို မကြေညာတဲ့အတွက် လုပ်ဆောင်ချက် အသစ်တွေ ပါလာမလားဆိုတာ မသိရသေးပါဘူး။

AirPods Firmware Update တွေ တင်ရတာ သိပ်တော့ မလွယ်ကူပါဘူး။ နားကြပ်ကို iOS Device နဲ့ ချိတ်ဆက်လိုက်မှပဲ အလိုလို အင်စတောလုပ်ပေးတာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင် Update ကို အင်စတောလုပ်လို့ မရပါဘူး။ Update တင်ချင်ရင် AirPods ကို Case ထဲမှာထည့်၊ Case ကို အားသွင်းကြိုးနဲ့ ချိတ်ဆက်ပြီးတော့ iPhone or iPad နဲ့ Pair လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Update ကို အလိုလို အင်စတောလုပ်ပေးမှာ ဖြစ်ပါတယ်။ သင့် AirPods ရဲ့ လက်ရှိ Software Version ကို သိချင်ရင် iOS Device နဲ့ ချိတ်ဆက်ပြီး Settings > General > About > AirPods ကို သွားရမှာ ဖြစ်ပါတယ်။

Apple က ဒုတိယမျိုးဆက် AirPods နဲ့ AirPods Pro မှာ Automatic Switching ပါမယ်လို့ မကြာခင်က ကျင်းပခဲ့တဲ့ WWDC မှာ ကြေညာခဲ့ပါတယ်။   နားကြပ်က သီချင်းဖွင့်ထားတဲ့ Apple Device တွေကို အလိုလို ပြောင်းလဲ ချိတ်ဆက်ပေးမှာပါ။ ဥပမာအားဖြင့် သင့် iPhone မှာ သီချင်းဖွင့်ထားချိန်မှာ MacBook မှာ ဗီဒီယို ဖွင့်လိုက်ရင် ပြောင်းချိတ်ဆက်ပေးမှာပါ။ အဲဒီနောက်မှာ သင့် iPhone မှာ ဖုန်း ဝင်လာရင် ပြောင်းချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena