[Zawgyi]

Apple ကေတာ့ သူ႔ရဲ႕ iPhone XS ေတြရဲ႕ အစြမ္းကုိ ျပသလိုက္ပါျပီ။ အျမဲတမ္းလည္း ဇာတ္လမ္းတုိေလးေတြကို iPhone Only နဲ႔ ရိုက္ရင္း အစြမ္းျပခဲ့ရာက အခုလည္း iPhone XS Only နဲ႔သာ ရိုက္ထားတဲ့ “The Bucket” ဆိုတဲ့ ဇာတ္လမ္းတိုေလး ထြက္လာခဲ့ပါျပီ။

ဇာတ္လမ္းရဲ႕ ဇာတ္အိမ္ေလးကေတာ့ သားတစ္ေယာက္ မိခင္ရိွရာ ေနရပ္ရြာေလးကေန ျမိဳ႕ျပကို ဆုိင္ကယ္တစ္တန္၊ ကားတစ္သြယ္နဲ႔ မိခင္ေပးလိုက္တဲ့ အဖိုးတန္ ပံုးေလးကို သယ္ျပီးသြားတဲ့ ဇာတ္လမ္းေလးကို ပံုျပင္ေလးလို ရိုက္ကူးထားတာပါ။

Description ေလးမွာေတာ့ ဒီႏွစ္ တရုတ္ႏွစ္ကူးမွာ မိဘေတြအတြက္ ဘာလက္ေဆာင္ျပင္ဆင္ထားမွာလဲ ဆိုျပီး ေဖာ္ျပထားပါတယ္။ မႏွစ္ကလည္း Jia ပဲရိုက္ကူးတဲ့ “Three Minutes” ဆိုတဲ့ ဇာတ္လမ္းတိုမွာလည္း တရုတ္ယဥ္ေက်းမႈမွာ မိသားစုခ်ငး္ၾကား ရင္းႏွီးတဲ့ေမတၱာကို အသားေပးပံုေဖာ္ခဲ့ပါတယ္။

ဒီဇာတ္လမ္းတိုေလးကိုေတာ့ ေဖေဖာ္ဝါရီလ ၅ရက္ေန႔မွာ က်ေရာက္မယ့္  တရုတ္ႏွစ္သစ္ကူး(Spring Festival) အတြက္ ရိုက္ကူးထားတာျဖစ္ျပီး ဒါရိုက္တာ Jia Zhangke ကေန ၅နာရီခြဲေလာက္ ၾကာေအာင္ ရိုက္ကူးစီစဥ္ထားတာျဖစ္ပါတယ္။

ဒီဇာတ္လမ္းတုိေလးအျပင္ iPhone ရဲ႕ Depth Control ရယ္Slow-mo ရယ္ ရိုက္ကူးေနတဲ့ ဒါရိုက္တာ Jia Zhangke ရဲ႕ ဗီဒီယိုဖုိင္ေလး ၂ ခုကိုလည္း ထပ္တင္ေပးထားပါေသးတယ္။

ဒီဇာတ္လမ္းတိုမွာ ေနာက္ခံစကားေျပာေတြ စကားေျပာေတြထက္ လႈပ္ရွားမႈေတြက အသက္ပါပဲ။ တိတ္ဆိတ္ေနတဲ့အခ်ိန္မွာ ခ်စ္ခ်င္းေမတၱာက ပိုနက္ရိႈင္းလာျပီး အခ်ိန္းေတြၾကာလာေလ ခ်စ္ျခင္းေမတၱာက ပိုၾကာရွည္လာေလပါပဲလို႔ Jia က ေျပာခဲ့ပါေသးတယ္။

ဒီရုပ္ရွင္ေလးက တရုတ္ႏုိင္ငံမွာ iPhone ေရာင္းအားေတြ က်ေနခ်ိန္မွာ ၂၀၁၉ ပထမကြာတားမွာ ေရာင္းအားျပန္တက္လာဖို႔ ရည္ရြယ္ခ်က္အေနနဲ႔ ပြဲဦးထြက္လာတာလညး္ ပါပါတယ္။ ဝယ္လိုအားေတြ တက္လာေအာင္လည္း iPhone XR ေတြရဲ႕ Reseller ေစ်းေတြကိုေတာင္ ေလွ်ာ့ေပးခဲ့ပါေသးတယ္။

iPhone XS Max တို႔ရဲ႔ Feature ေတြလည္းရမယ့္အျပင္ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔လည္း ရႏုိင္မယ့္အတြက္ iPhone XR ေတြရဲ႕ ေရာင္းအားကို အရမ္းေမွ်ာ္လင့္ထားခဲ့ေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့ပံုပါပဲ။ ဒါေၾကာင့္လည္း iPhone XS ေတြနဲ႔ပဲ ျပန္ထိန္းဖို႔ တစ္ဖက္ကေန ဒီ ဇာတ္လမ္းတိုေလးနဲ႔ ခံစားခ်က္ေတြကို သိမ္းယူဖို႔ ၾကိဳးစားလုိက္ျခင္းကလည္း မားကတ္တင္းသေဘာတရားအရ ၾကည့္ရင္ထိေရာက္တဲ့နည္းလမ္းတစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။

Source: AppleInsider, RedmondPie

[Unicode]

Apple ကတော့ သူ့ရဲ့ iPhone XS တွေရဲ့ အစွမ်းကို ပြသလိုက်ပါပြီ။ အမြဲတမ်းလည်း ဇာတ်လမ်းတိုလေးတွေကို iPhone Only နဲ့ ရိုက်ရင်း အစွမ်းပြခဲ့ရာက အခုလည်း iPhone XS Only နဲ့သာ ရိုက်ထားတဲ့ “The Bucket” ဆိုတဲ့ ဇာတ်လမ်းတိုလေး ထွက်လာခဲ့ပါပြီ။

ဇာတ်လမ်းရဲ့ ဇာတ်အိမ်လေးကတော့ သားတစ်ယောက် မိခင်ရှိရာ နေရပ်ရွာလေးကနေ မြို့ပြကို ဆိုင်ကယ်တစ်တန်၊ ကားတစ်သွယ်နဲ့ မိခင်ပေးလိုက်တဲ့ အဖိုးတန် ပုံးလေးကို သယ်ပြီးသွားတဲ့ ဇာတ်လမ်းလေးကို ပုံပြင်လေးလို ရိုက်ကူးထားတာပါ။

Description လေးမှာတော့ ဒီနှစ် တရုတ်နှစ်ကူးမှာ မိဘတွေအတွက် ဘာလက်ဆောင်ပြင်ဆင်ထားမှာလဲ ဆိုပြီး ဖော်ပြထားပါတယ်။ မနှစ်ကလည်း Jia ပဲရိုက်ကူးတဲ့ “Three Minutes” ဆိုတဲ့ ဇာတ်လမ်းတိုမှာလည်း တရုတ်ယဉ်ကျေးမှုမှာ မိသားစုချင်းကြား ရင်းနှီးတဲ့မေတ္တာကို အသားပေးပုံဖော်ခဲ့ပါတယ်။

ဒီဇာတ်လမ်းတိုလေးကိုတော့ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ကျရောက်မယ့်  တရုတ်နှစ်သစ်ကူး(Spring Festival) အတွက် ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ Jia Zhangke ကနေ ၅နာရီခွဲလောက် ကြာအောင် ရိုက်ကူးစီစဉ်ထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတိုလေးအပြင် iPhone ရဲ့ Depth Control ရယ်Slow-mo ရယ် ရိုက်ကူးနေတဲ့ ဒါရိုက်တာ Jia Zhangke ရဲ့ ဗီဒီယိုဖိုင်လေး ၂ ခုကိုလည်း ထပ်တင်ပေးထားပါသေးတယ်။

ဒီဇာတ်လမ်းတိုမှာ နောက်ခံစကားပြောတွေ စကားပြောတွေထက် လှုပ်ရှားမှုတွေက အသက်ပါပဲ။ တိတ်ဆိတ်နေတဲ့အချိန်မှာ ချစ်ချင်းမေတ္တာက ပိုနက်ရှိုင်းလာပြီး အချိန်းတွေကြာလာလေ ချစ်ခြင်းမေတ္တာက ပိုကြာရှည်လာလေပါပဲလို့ Jia က ပြောခဲ့ပါသေးတယ်။

ဒီရုပ်ရှင်လေးက တရုတ်နိုင်ငံမှာ iPhone ရောင်းအားတွေ ကျနေချိန်မှာ ၂၀၁၉ ပထမကွာတားမှာ ရောင်းအားပြန်တက်လာဖို့ ရည်ရွယ်ချက်အနေနဲ့ ပွဲဦးထွက်လာတာလည်း ပါပါတယ်။ ဝယ်လိုအားတွေ တက်လာအောင်လည်း iPhone XR တွေရဲ့ Reseller ဈေးတွေကိုတောင် လျှော့ပေးခဲ့ပါသေးတယ်။

iPhone XS Max တို့ရဲ့ Feature တွေလည်းရမယ့်အပြင် သင့်တင့်တဲ့ဈေးနှုန်းနဲ့လည်း ရနိုင်မယ့်အတွက် iPhone XR တွေရဲ့ ရောင်းအားကို အရမ်းမျှော်လင့်ထားခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပုံပါပဲ။ ဒါကြောင့်လည်း iPhone XS တွေနဲ့ပဲ ပြန်ထိန်းဖို့ တစ်ဖက်ကနေ ဒီ ဇာတ်လမ်းတိုလေးနဲ့ ခံစားချက်တွေကို သိမ်းယူဖို့ ကြိုးစားလိုက်ခြင်းကလည်း မားကတ်တင်းသဘောတရားအရ ကြည့်ရင်ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

Source: AppleInsider, RedmondPie