Apple iPhone တွေက အခုအချိန်အထိ အကောင်းဆုံးသော စမတ်ဖုန်းတွေလို့ ဆိုလိုက်တာနဲ့ ပြေးမြင်မိတဲ့စမတ်ဖုန်းတွေဖြစ်မှာပါ။ အဲ့ဒါကလည်း Apple iPhone တွေရဲ့ အရည်အသွေးပိုင်း၊ ကင်မရာပိုင်းကောင်းမွန်တာတွေအပြင် iDevices တွေမှာ အသုံးပြုထားတဲ့ iOS ရဲ့ လွယ်ကူချောမွေ့မှုကြောင့်လည်း အပါအဝင်ဖြစ်ပါတယ်။

အခုလိုမျိုး သာမန် Android ဖုန်းတွေအပေါ် အသာရနေတဲ့ Apple က အခုတစ်ကြိမ်မှာတော့ Android ကနေ iPhone ကို ဘာလို့ပြောင်းသင့်သလဲဆိုတာကို ဟာသပုံစံမျိုးအရွဲ့တိုက်ပြီး ကြော်ငြာသွားခဲ့ပါတယ်။

ပထမဆုံးတစ်ခုကတော့ Apple ရဲ့ iOS App Store ကို ကြော်ငြာသွားတာဖြစ်ပြီးတော့ Google Play Store လိုမျိုး App အတုတွေနဲ့ အန္တရာယ်ရှိတဲ့ App တွေမရှိဘူးဆိုတာကိုပြောကြားသွားတာပဲဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ ကင်မရာပိုင်းပဲဖြစ်ပြီးတော့ Apple iPhone X မှာ ရရှိတဲ့ Portrait Lighting စနစ်တွေကို Android ဖုန်းတွေမှာ မရရှိသေးတဲ့အပေါ်ကို ခနဲ့ပြီး ကြော်ငြာသွားတာဖြစ်ပါတယ်။

သင်ရော အခု Apple ရဲ့ ကြော်ငြာတွေကြည့်ပြီး iPhone ပြောင်းကိုင်တော့မှာလား?