Apple ဟာ iPhone 12 Series တွေကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် နိုဝင်ဘာလအတွင်းမှာ နောက်ထပ် Event တစ်ခုကို ပြုလုပ်သွားဖို့ရှိနေပြီးတော့ MacBook တွေအတွက်ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဒါကတော့ Apple ကနေ ပြီးခဲ့တဲ့ WWDC Event မှာ ပြောကြားခဲ့တဲ့ ARM-power MacBook အသစ်တွေကို မိတ်ဆက်သွားမယ့် Event တစ်ခုဖြစ်လာနိုင်ပါတယ်။ အဆိုပါ Event ဟာ တရားဝင်တော့ သတင်းထွက်ရှိခြင်းမရှိသေးပေမယ့် လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ARM-powered MacBook အသစ်တွေဟာ 5nm Architecture ကို အခြေခံထားတဲ့ Apple Silicon Chipset တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ လက်ရှိ iPhone 12 Series နဲ့ iPad Air မှာ အသုံးပြုထားတဲ့ A14 Bionic ကိုမှ စွမ်းဆောင်ရည်ပိုကောင်းတဲ့ A14X Bionic Chip ဖြစ်လာနိုင်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ ARM-powered MacBook အသစ်တွေထဲမှာ 12″ MacBook နဲ့ MacBook Pro တွေပါဝင်မှာဖြစ်ပြီး 12″ MacBook ကို ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ စတင်မိတ်ဆက်သွားနိုင်ပါတယ်။ အဆိုပါ ARM-powered MacBook တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာတော့ ဘယ်လိုမျိုးရှိမလဲမသိရသေးပေယ့် စျေးနှုန်းအနေနဲ့တော့ ပိုပြီးသက်သာလာနိုင်ပါတယ်။

နောက်ထပ်လည်း ARM-powered MacBook တွေအပြင် AirPods Studio နာမည်နဲ့ Over-ear Headphone အသစ်ကို မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။ အဆိုပါ AirPods Studio Headphone ကတော့ စျေးနှုန်းအနေနဲ့ $350 နဲ့ $600 ဆိုပြီး Version ၂ မျိုးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena