[Zawgyi]

Apple ရဲ႕ iOS 13 ဟာ ၿပီးခဲ့တဲ့ ဗားရွင္းကို အေတာ္ေလး ျပဳျပင္ေျပာင္းလဲလိုက္တယ္လို႔ ဆိုရမွာပါ။ Dark-mode, Undo gestures နဲ႔ iPad ရဲ႕ Special features ေတြလို Multiple windowed apps ေတြက အထင္ရွားဆုံး ျဖစ္ပါလိမ့္မယ္။ အခု ထပ္ၿပီးထြက္ေပၚလာတဲ့ သတင္းကေတာ့ App ႏွစ္ခုကို တစ္ခုတည္း အျဖစ္ ေပါင္းလိုက္ဖို႔ ႀကိဳးစားေနတယ္ ဆိုတာပါပဲ။

Apple ဟာ Find my iPhone နဲ႔ Find My Friend app ေတြကို “Green Torch” ကုဒ္နာမည္ေအာက္မွာ တစ္ခုတည္းအျဖစ္ ေပါင္းစည္းလိုက္ဖို႔ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ App အသစ္ဟာ iOS မွာတင္မကဘဲ macOS မွာလည္း Marzipan app လိုမ်ိဳး ရွိေနမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Apple ဟာ Offline tracking ထည့္သြင္းဖို႔လည္း အစီအစဥ္ခ်ထားတယ္လို႔ ဆိုပါတယ္။ Device ဟာ Wi-Fi ဒါမွမဟုတ္ Cellular ကြန္ရက္ေတြကို မခ်ိတ္ဆက္ထားဘူးဆိုရင္ေတာင္မွ “Find Network” feature နဲ႔အတူ ေပ်ာက္ဆုံးသြားတဲ့ Device ကို ရွာေတြ႕ႏိုင္ေအာင္လို႔ စီစဥ္ေနတာလည္း ျဖစ္ပါတယ္။

ေနာက္ထပ္ Feature သစ္ဟာ မိတ္ေဆြ၊ ဒါမွမဟုတ္ မိသားစုဝင္တစ္ေယာက္ေယာက္က အတိအက်သတ္မွတ္ထားတဲ့ ေနရာကို ေရာက္ရွိလာတာ၊ ဒါမွမဟုတ္ ထြက္ခြာသြားတာဆိုရင္ Notification နဲ႔ သတိေပးတာမ်ိဳးျဖစ္တယ္လို႔လည္း သိရပါတယ္။

Apple ဟာ NFC tag လိုမ်ိဳး Hardware tracking product အတြက္လည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒီအရာဟာ ဘယ္ Item မွာမဆို၊ ဒါမွမဟုတ္ Device မွာမဆို တပ္ဆင္ထားလို႔ ရတာလည္း ျဖစ္ပါတယ္။ ဒါဟာ iCloud account နဲ႔ ခ်ိတ္ဆက္ထားမွာျဖစ္ၿပီး သတ္မွတ္ဧရိယာျပင္ပေရာက္ရင္ သတိေပးမႈ ျပဳလုပ္မယ္လို႔လည္း သိရပါတယ္။

Ref: 9To5Mac

[Unicode]

Find my iPhone နဲ့ Find My Friends ကို ပေါင်းလိုက်ဖို့လုပ်နေတဲ့ Apple

Apple ရဲ့ iOS 13 ဟာ ပြီးခဲ့တဲ့ ဗားရှင်းကို အတော်လေး ပြုပြင်ပြောင်းလဲလိုက်တယ်လို့ ဆိုရမှာပါ။ Dark-mode, Undo gestures နဲ့ iPad ရဲ့ Special features တွေလို Multiple windowed apps တွေက အထင်ရှားဆုံး ဖြစ်ပါလိမ့်မယ်။ အခု ထပ်ပြီးထွက်ပေါ်လာတဲ့ သတင်းကတော့ App နှစ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းလိုက်ဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ။

Apple ဟာ Find my iPhone နဲ့ Find My Friend app တွေကို “Green Torch” ကုဒ်နာမည်အောက်မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။ App အသစ်ဟာ iOS မှာတင်မကဘဲ macOS မှာလည်း Marzipan app လိုမျိုး ရှိနေမယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple ဟာ Offline tracking ထည့်သွင်းဖို့လည်း အစီအစဉ်ချထားတယ်လို့ ဆိုပါတယ်။ Device ဟာ Wi-Fi ဒါမှမဟုတ် Cellular ကွန်ရက်တွေကို မချိတ်ဆက်ထားဘူးဆိုရင်တောင်မှ “Find Network” feature နဲ့အတူ ပျောက်ဆုံးသွားတဲ့ Device ကို ရှာတွေ့နိုင်အောင်လို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

နောက်ထပ် Feature သစ်ဟာ မိတ်ဆွေ၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်က အတိအကျသတ်မှတ်ထားတဲ့ နေရာကို ရောက်ရှိလာတာ၊ ဒါမှမဟုတ် ထွက်ခွာသွားတာဆိုရင် Notification နဲ့ သတိပေးတာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

Apple ဟာ NFC tag လိုမျိုး Hardware tracking product အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီအရာဟာ ဘယ် Item မှာမဆို၊ ဒါမှမဟုတ် Device မှာမဆို တပ်ဆင်ထားလို့ ရတာလည်း ဖြစ်ပါတယ်။ ဒါဟာ iCloud account နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး သတ်မှတ်ဧရိယာပြင်ပရောက်ရင် သတိပေးမှု ပြုလုပ်မယ်လို့လည်း သိရပါတယ်။

Ref: 9To5Mac