Apple ဟာ နောက် ၂ နှစ်ကနေ ၃ နှစ်အတွင်း အိန္ဒိယမှာ iPhone ၄ ပုံ  ၁ ပုံကို ထုတ်လုပ်မယ်လို့ Wall Street Journal က ပြောပါတယ်။ အဲဒီအတွက် အိန္ဒိယမှာ ၁ နှစ်ကို iPhone သန်း ၅၀ ကျော် ထုတ်လုပ်မှာပါ။

Buy iPhone 15 and iPhone 15 Plus - Apple (UK)

တရုတ်ကတော့ ကမ္ဘာမှာ iPhone အများဆုံးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ဆက်လက်ရှိနေမှာပါ။ ဒါပေမယ့် Apple ဟာ လက်ရှိ တရုတ်နဲ့ အမေရိကန်တို့ရဲ့ တင်းမာမှုကြောင့် တခြား နိုင်ငံတွေမှာ iPhone ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ အိန္ဒိယမှာ iPhone ထုတ်လုပ်မှုဟာ တရုတ်ထက် အများကြီး နောက်ကျခဲ့ပေမယ့် iPone 14 က စတင်ကာ တရုတ်နဲ့ အချိန်အတူတူပဲ အိန္ဒိယမှာ ထုတ်လုပ်ခဲ့ပါတယ်။

iPhone 15 and iPhone 15 Plus - Apple

Apple ရဲ့ အိန္ဒိယမှာ iPhone ထုတ်လုပ်မှုဟာ အာဏာပိုင်တွေရဲ့ ၁၂ နာရီ လုပ်ငန်းခွင်ဝင်ရတဲ့ စည်းမျဉ်းကို ပိတ်ပင်ထားတာကြောင့် နှေးကွေးပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာ Apple ဟာ အိန္ဒိယမှာ တခြား မော်ဒယ်တွေထက် iPhone 15 ကို ပိုမို ထုတ်လုပ်နိုင်ခဲ့ပြီး စတင် ရောင်းချတဲ့ နေ့မှာ အိန္ဒိယမှာ ထုတ်လုပ်တဲ့ မော်ဒယ်ကို ရောင်းချနိုင်ခဲ့ပါတယ်။

Foxconn ဟာ ကာနာတာကာ ပြည်နယ်မှာ စက်ရုံ ၁ ခု လက်ရှိမှာ တည်ဆောက်နေပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာ စတင် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ Wall Street Journal က အိန္ဒိယမှာ နောက်ထပ် အဓိက စက်ရုံ ၁ ခုကို တည်ဆောက်နေတယ်လို့ ပြောပါတယ်။

Ref : gsmarena