[Zawgyi]

Las Vegas မွာ က်င္းပခဲ့တဲ့ Black Hat Security Conference မွာ Apple က iOS Software မွ အဓိက က်တဲ့ လံုျခံဳေရး ဟာကြက္ ၁ ခုကို ရွာေဖြႏုိင္တဲ့ သူကို ေဒၚလာ ၁ သန္းေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ သိန္းေပါင္း ၁၅,၀၀၀ ေက်ာ္ေလာက္ ရွိပါတယ္။ ဒါဟာ Bug-bounty Program အတြက္ ကုမၸဏီ ၁ ခုကေပးတဲ့ အျမင့္ဆံုး ဆုေၾကးေငြ ျဖစ္ပါတယ္။

ေဒၚလာ ၁ သန္းကို လြယ္လြယ္ကူကူနဲ႔ေတာ့ ရမွာ မဟုတ္ပါဘူး။ Hacker ဒါမွမဟုတ္ လံုျခံဳေရး ပညာရွင္ဟာ User ရဲ႕ လုပ္ေဆာင္ခ်က္ မပါဘဲ iPhone Kernel ကို ထိုးေဖာက္ႏုိင္ရမွာ ျဖစ္ပါတယ္။ Bug-bounty အတြက္ Apple အရင္က ခ်ီးျမွင့္ခဲ့တဲ့ အျမင့္ဆံုး ဆုေငြက ေဒၚလာ ၂၀၀,၀၀၀ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ ပါ၀င္ဖို႔ လံုျခံဳေရး ပညာရွင္ အားလံုးကို ကုမၸဏီက ဖိတ္ေခၚထားၿပီး ပညာရွင္ေတြ Bug ရွာလို႔ အဆင္ေျပေအာင္ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ Apple က လံုျခံဳေရး လုပ္ေဆာင္ခ်က္ အခ်ိဳ႕ကို Disable လုပ္ထားတဲ့ အထူးထုတ္ iPhones ေတြကို ပညာရွင္ေတြအား ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

နည္းပညာ ကုမၸဏီေတြဟာ သူတို႔ရဲ႕ Software လံုျခံဳေရး အားနည္းခ်က္ေတြကို အစဥ္အၿမဲ ရွာေဖြေနရပါတယ္။ အဲဒီအတြက္  ကုမၸဏီေတြဟာ ျပင္ပမွ Software လံုျခံဳေရး ပညာရွင္ေတြ၊ အျဖဴေရာင္ Hacker ေတြရဲ႕ အကူအညီကို ရယူေလ့ရွိၾကပါတယ္။ ကမာၻေက်ာ္ ကုမၸဏီေတြျဖစ္တဲ့ Apple , Microsoft နဲ႔ Google တို႔ကလည္း သူတုိ႔ရဲ႕ Software ေတြက လံုျခံဳေရး အားနည္းခ်က္ေတြကို ရွာေဖြေပးႏုိင္တဲ့ သူကို ဆုေငြေတြခ်ီးျမွင့္တဲ့ အစီအစဥ္ေတြကို ျပဳလုပ္ေပးထားၾကပါတယ္။

Ref : gsmarena

[Unicode]

iPhone ကို Hack နိုင်ရင် ဒေါ်လာ ၁ သန်းပေးမယ့် Apple

Las Vegas မှာ ကျင်းပခဲ့တဲ့ Black Hat Security Conference မှာ Apple က iOS Software မှ အဓိက ကျတဲ့ လုံခြုံရေး ဟာကွက် ၁ ခုကို ရှာဖွေနိုင်တဲ့ သူကို ဒေါ်လာ ၁ သန်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း ၁၅,၀၀၀ ကျော်လောက် ရှိပါတယ်။ ဒါဟာ Bug-bounty Program အတွက် ကုမ္ပဏီ ၁ ခုကပေးတဲ့ အမြင့်ဆုံး ဆုကြေးငွေ ဖြစ်ပါတယ်။

ဒေါ်လာ ၁ သန်းကို လွယ်လွယ်ကူကူနဲ့တော့ ရမှာ မဟုတ်ပါဘူး။ Hacker ဒါမှမဟုတ် လုံခြုံရေး ပညာရှင်ဟာ User ရဲ့ လုပ်ဆောင်ချက် မပါဘဲ iPhone Kernel ကို ထိုးဖောက်နိုင်ရမှာ ဖြစ်ပါတယ်။ Bug-bounty အတွက် Apple အရင်က ချီးမြှင့်ခဲ့တဲ့ အမြင့်ဆုံး ဆုငွေက ဒေါ်လာ ၂၀၀,၀၀၀ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဖို့ လုံခြုံရေး ပညာရှင် အားလုံးကို ကုမ္ပဏီက ဖိတ်ခေါ်ထားပြီး ပညာရှင်တွေ Bug ရှာလို့ အဆင်ပြေအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Apple က လုံခြုံရေး လုပ်ဆောင်ချက် အချို့ကို Disable လုပ်ထားတဲ့ အထူးထုတ် iPhones တွေကို ပညာရှင်တွေအား ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

နည်းပညာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ Software လုံခြုံရေး အားနည်းချက်တွေကို အစဉ်အမြဲ ရှာဖွေနေရပါတယ်။ အဲဒီအတွက် ကုမ္ပဏီတွေဟာ ပြင်ပမှ Software လုံခြုံရေး ပညာရှင်တွေ၊ အဖြူရောင် Hacker တွေရဲ့ အကူအညီကို ရယူလေ့ရှိကြပါတယ်။ ကမ္ဘာကျော် ကုမ္ပဏီတွေဖြစ်တဲ့ Apple , Microsoft နဲ့ Google တို့ကလည်း သူတို့ရဲ့ Software တွေက လုံခြုံရေး အားနည်းချက်တွေကို ရှာဖွေပေးနိုင်တဲ့ သူကို ဆုငွေတွေချီးမြှင့်တဲ့ အစီအစဉ်တွေကို ပြုလုပ်ပေးထားကြပါတယ်။

Ref : gsmarena