Zawgyi

သတင္းေတြအတုိင္းပဲ Apple ကုမၸဏီဟာ ၂၀၁၉ ခုႏွစ္အတြက္ iPhone အသစ္ေတြ ေၾကညာမယ့္ရက္ကို စက္တင္ဘာ ၁၀ ရက္ေန႔အျဖစ္ သတ္မွတ္လိုက္ပါတယ္။ ဒီတစ္ခါလည္း ကယ္လီဖုိးနီးယားျပည္နယ္မွာရွိတဲ့ ကုမၸဏီရုံးခ်ဳပ္ရဲ႕ Steve Jobs Theater မွာပဲ က်င္းပဦးမွာပါ။

ကုမၸဏီဟာ တရားဝင္မိတ္ဆက္စာေတြကို ယေန႔မွာ စတင္ျဖန္႔ေဝလုိက္ၿပီး ထူးျခားတဲ့ ပုိစတာကို ျမင္ရမွာျဖစ္ပါတယ္။ “Innovation” ဆုိတဲ့စကားလုံးဟာ ဒီႏွစ္အုိင္ဖုန္းအသစ္ေတြအတြက္ အဓိကမိတ္ဆက္မယ့္ Theme စကားလုံးျဖစ္ဟန္တူၿပီး ဘာေတြဆန္းသစ္လာဦးမလဲဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။ ဒါ့အျပင္ ပန္းသီးပုံစံ လိုဂုိကို အေရာင္အသစ္အဆန္းငါးမ်ဳိးနဲ႔ ဖန္တီးျပထားတာေၾကာင့္ ဖုန္းအသစ္ေတြမွာ ပါလာမယ့္ အေရာင္ေတြလားလို႔ ေတြးခ်င္စရာျဖစ္ေနပါတယ္။

ထြက္ထားတဲ့သတင္းေတြအရဆုိရင္ အနည္းဆုံး Apple ရဲ႕စမတ္ဖုန္းအသစ္ သုံးမ်ဳိးကို ေတြ႕ရမွာျဖစ္ၿပီး မႏွစ္က iPhone XS, XS Max နဲ႔ XR တုိ႔ရဲ႕ဆက္ခံသူေတြျဖစ္လာမွာပါ။ XS နဲ႔ XS Max တုိ႔ေနရာမွာ iPhone Pro အမည္က အစားထိုးဝင္လာႏုိင္ၿပီး ေနာက္ဘက္ကင္မရာသုံးလုံးပါမယ္လို႔ ဆုိထားတယ္။ XR မွာေတာ့ ကင္မရာႏွစ္လုံးသာ ပါဝင္လာမွာပါ။ ဟန္းဆက္သုံးမ်ဳိးလုံး ယခင္မ်ဳိးဆက္ေတြရဲ႕ အရြယ္အစားနဲ႔ သိပ္မကြာျခားဘဲ ထြက္လာမယ္လို႔လည္း သတင္းထြက္ထားပါတယ္။

ဖုန္းအသစ္ေတြမွာ A13 ခ်စ္ပ္ကေတာ့ ပါဝင္ဖို႔ေသခ်ာသေလာက္ျဖစ္ၿပီး 3D Touch ေနရာမွာ Haptic Touch စနစ္ကို အစားထိုးလာမွာျဖစ္ပါတယ္။ Face ID Sensor ကိုလည္း ပိုက်ယ္ျပန္႔တဲ့ရႈေထာင့္ပါ ထည့္သြင္းလာႏုိင္ၿပီး အုိင္ဖုန္းကို ဘယ္လိုပဲကုိင္ထားပါေစ၊ မ်က္ႏွာနဲ႔ Unlock လုပ္ဖို႔ ပိုလြယ္လာမွာပါ။ 5G ခ်ိတ္ဆက္ႏုိင္စြမ္းကိုေတာ့ ၂၀၂၀ မတုိင္ခင္ ေတြ႕ရဖို႔ အခြင့္အေရးနည္းပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ တစ္ႏွစ္မွာတစ္ခါက်င္းပေနၾက iPhone အသစ္ေတြရဲ႕ မိတ္ဆက္ပြဲကေတာ့ နီးကပ္လာျပန္ပါၿပီ။ ဆန္းသစ္တီထြင္မႈေၾကာင့္ ယေန႔လူႀကိဳက္မ်ားေနတဲ့ Apple အတြက္ ဘယ္လို ဆန္းသစ္တီထြင္မႈေတြ ထုတ္ျပလာမလဲဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

သတင်းတွေအတိုင်းပဲ Apple ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်အတွက် iPhone အသစ်တွေ ကြေညာမယ့်ရက်ကို စက်တင်ဘာ ၁၀ ရက်နေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီတစ်ခါလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကုမ္ပဏီရုံးချုပ်ရဲ့ Steve Jobs Theater မှာပဲ ကျင်းပဦးမှာပါ။

ကုမ္ပဏီဟာ တရားဝင်မိတ်ဆက်စာတွေကို ယနေ့မှာ စတင်ဖြန့်ဝေလိုက်ပြီး ထူးခြားတဲ့ ပိုစတာကို မြင်ရမှာဖြစ်ပါတယ်။ “Innovation” ဆိုတဲ့စကားလုံးဟာ ဒီနှစ်အိုင်ဖုန်းအသစ်တွေအတွက် အဓိကမိတ်ဆက်မယ့် Theme စကားလုံးဖြစ်ဟန်တူပြီး ဘာတွေဆန်းသစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် ပန်းသီးပုံစံ လိုဂိုကို အရောင်အသစ်အဆန်းငါးမျိုးနဲ့ ဖန်တီးပြထားတာကြောင့် ဖုန်းအသစ်တွေမှာ ပါလာမယ့် အရောင်တွေလားလို့ တွေးချင်စရာဖြစ်နေပါတယ်။

ထွက်ထားတဲ့သတင်းတွေအရဆိုရင် အနည်းဆုံး Apple ရဲ့စမတ်ဖုန်းအသစ် သုံးမျိုးကို တွေ့ရမှာဖြစ်ပြီး မနှစ်က iPhone XS, XS Max နဲ့ XR တို့ရဲ့ဆက်ခံသူတွေဖြစ်လာမှာပါ။ XS နဲ့ XS Max တို့နေရာမှာ iPhone Pro အမည်က အစားထိုးဝင်လာနိုင်ပြီး နောက်ဘက်ကင်မရာသုံးလုံးပါမယ်လို့ ဆိုထားတယ်။ XR မှာတော့ ကင်မရာနှစ်လုံးသာ ပါဝင်လာမှာပါ။ ဟန်းဆက်သုံးမျိုးလုံး ယခင်မျိုးဆက်တွေရဲ့ အရွယ်အစားနဲ့ သိပ်မကွာခြားဘဲ ထွက်လာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

ဖုန်းအသစ်တွေမှာ A13 ချစ်ပ်ကတော့ ပါဝင်ဖို့သေချာသလောက်ဖြစ်ပြီး 3D Touch နေရာမှာ Haptic Touch စနစ်ကို အစားထိုးလာမှာဖြစ်ပါတယ်။ Face ID Sensor ကိုလည်း ပိုကျယ်ပြန့်တဲ့ရှုထောင့်ပါ ထည့်သွင်းလာနိုင်ပြီး အိုင်ဖုန်းကို ဘယ်လိုပဲကိုင်ထားပါစေ၊ မျက်နှာနဲ့ Unlock လုပ်ဖို့ ပိုလွယ်လာမှာပါ။ 5G ချိတ်ဆက်နိုင်စွမ်းကိုတော့ ၂၀၂၀ မတိုင်ခင် တွေ့ရဖို့ အခွင့်အရေးနည်းပါသေးတယ်။

ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာတစ်ခါကျင်းပနေကြ iPhone အသစ်တွေရဲ့ မိတ်ဆက်ပွဲကတော့ နီးကပ်လာပြန်ပါပြီ။ ဆန်းသစ်တီထွင်မှုကြောင့် ယနေ့လူကြိုက်များနေတဲ့ Apple အတွက် ဘယ်လို ဆန်းသစ်တီထွင်မှုတွေ ထုတ်ပြလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena