Apple TV 4K ကို ကြောခင် ကြေညာတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ A12X Bionic Chip ထည့်သွင်းထားမှာ ဖြစ်ပြီး 64GB or 128GB Storage တွေ ရွေးချယ်နိုင်မှာပါ။ တွစ်တာ အသုံးပြုသူ Jon Prosser က ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပြီး ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။ သူက ရောင်းချမယ့် အချိန်ကို မပြောပေမယ့် iMac နဲ့ AirPods မော်ဒယ်အသစ်တွေကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။

A12X Bionic Chip ဟာ iPad Pro 2018 မော်ဒယ်တွေမှာ ပါတဲ့ Octa-core Processor နဲ့တူပါတယ်။ A12Z Bionic Chip ကို iPad Pro 2020 မော်ဒယ်တွေမှာ ထည့်သွင်းထားပြီး Apple TV 4K မှာ မပါတော့ပါဘူး။ ဒါပေမယ့်လည်း A12X Bionic ဟာ Apple TV 4K အတွက် စွမ်းရည် လုံလောက်ပြီး လက်ရှိ မော်ဒယ်တွေမှာ ပါတဲ့ A10X Bionic ထက် ပိုကောင်းလာပါတယ်။

Apple TV 4K ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ iOS 14 Code မှာ Apple Remote ကို အဆင့်မြှင့်ထားမယ်လို့ အထောက်အထားတွေတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီ တိုးတက်မှုဟာ Apple TV 4K မှာ မပါလာနိုင်ပါဘူး။

Ref : fonearena