[Zawgyi]
Ref : gsmarena
[Unicode]
9th Gen Intel CPU ပါတဲ့ ၁၆ လကျမ MacBook Pro ကို Apple ကွညော
Apple က ၁၆ လက်မ MacBook Pro အသစ်ကို မိတ်ဆက်လိုက်ပြီ ျဖစ္ၿပီး ထွက်ထားသမျှ Apple Laptop တွေထဲမှာ စွမ်းရည် အမြင့်မားဆုံးပါ။ Retina Display ရဲ့ Resolution က 3,072×1,920p (226ppi) ဖြစ်ပါတယ်။ 500 Nits Of Brightness နဲ့ Full DCI-P3 Color Coverage ကို ထောက်ပံ့ပါတယ်။ Magic Keyboard အသစ် တပ်ဆင်ထားပြီး ဒီဇိုင်း ဆန်းသစ်ထားတဲ့အတွက် စာရိုက်ရင် ခလုတ်တွေက တုန့်ပြန်မှုကောင်းပြီး အသံတိတ်ဆိတ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကီးဘုတ်ရဲ့ အပေါ်ဆုံးတန်းမှာ Escape Key , Touch Bar နဲ့ Touch ID Sensor တွေ ထည့်သွင်းထားပါတယ်။
9th Gen  Intel Processor မောင်းနှင်ထားပြီး 6-core (Core i7) နဲ့ 8-core (Core i9) တွေ ရွေးချယ်နိုင်ပါတယ်။ AMD ရဲ့ နောက်ဆုံးထုတ် 7nm GPUs ပါလာပြီး AMD Radeon Pro 5300M နဲ့ 5500M မှာ 4GB VRAM ထည့်ထားပါတယ်။ 8GB အထိ အဆင့်မြှင့်နိုင်ပါတယ်။ စွမ်းရည်အမြင့်ဆုံး GPU က အရင် MacBook Pro ထက် Video Editing လုပ်ရင် ၈၀ နဲ့ ဂိမ်းကစားရင် ၆၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။
MacBook Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 16GB DDR4 RAM နဲ့ 512GB SSD Storage ပါပါတယ်။ Video Editing , Science Calculations, App Development နဲ့ စွမ်းရည် အများအပြား သုံးမယ့် အလုပ်တွေ လုပ်ရင်တော့ ဒီထက်ပိုလန်းတဲ့ မော်ဒယ်ကို ရွေးချယ်သင့်ပါတယ်။ 64GB RAM နဲ့ 8TB SSD Storage အထိတောင် ထုတ်လုပ်ပေးထားပါတယ်။
MacBook ထဲမှာ အကြီးဆုံး ဖြစ်တဲ့ 100Wh Battery ထည့်ထားပြီး အရင် မျိုးဆက် Pro မော်ဒယ်ထက် ၁ နာရီ ပိုအသုံးခံပါတယ်။ ဝက်ဘ်ဆိုက်တွေ ကြည့်ရင် ၁၁ နာရီလောက် အေးဆေးခံပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၃၉၉ ဒေါ်လာနဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ်ကို ၆,၁၀၀ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် ဈေးက မသေးပါဘူး။ မြန်မာငွေ ၃၆ သိန်းနဲ့ သိန်း ၁၀၀ နီးပါးရှိပြီး Apple.com ကနေ ဝယ်ယူနိုင်ပါပြီ။
Ref : gsmarena