[Unicode]

Apple က နှစ်တိုင်း လူကြိုက်အများဆုံး Apps နဲ့ Games တွေကို ကြေညာလေ့ရှိပါတယ်။ အခုလည်း ဒီနှစ်အတွက် စာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ ထူးခြားတာက YouTube ဟာ ၂ နှစ်ဆက်တိုက် လူကြိုက်အများဆုံး ဖြစ်နေပါတယ်။ နံပါတ် ၂ နဲ့ နံပါတ် ၃ နေရာကို Instagram နဲ့ Snapchat တို့ သိမ်းပိုက်ထားပါတယ်။ စာရင်း အပြည့်အစုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။

1. YouTube
2. Instagram
3. Snapchat
4. TikTok
5. Messenger
6. Gmail
7. Netflix
8. Facebook
9. Google Maps
10. Amazon

အဲဒီ Apps တွေကို လူတွေ နေ့တိုင်းလိုလို အသုံးပြုနေကြပါတယ်။ ဒီနှစ်မှာ TikTok က အရမ်း အောင်မြင်လာပြီး နံပါတ် ၄ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ အရင်နှစ်က နံပါတ် ၁၆ နေရာမှာ ရှိနေခဲ့တာပါ။ ဖေဖော်ဝါရီလမှာ TikTok သုံးသူ ၁ ဘီလီယမ်တောင် ရှိခဲ့ပြီး Apple App Store မှာ နံပါတ် ၃ နေရာကို ရယူထားခဲ့ပါတယ်။ Facebook က လူကြိုက်အများဆုံး Apps စာရင်းမှာ ၃ နှစ်ဆက်တိုက်ပါလာခဲ့ပါတယ်။

Apple က အကောင်းဆုံး အခမဲ့ ဂိမ်းစာရင်းကိုလည်း ကြေညာလိုက်ပါတယ်။ Fortnite ကို နန်းချပြီး Mario Kart Tour က နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ Fortnite က နံပါတ် ၈ နေရာရောက်သွားပါတယ်။ စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါတယ်။

1. Mario Kart Tour
2. Color Bump 3D
3. aquapark.io
4. Call of Duty: Mobile
5. BitLife – Life Simulator
6. Polysphere – art of puzzle
7. Wordscapes
8. Fortnite
9. Roller Splat!
10. AMAZE!!

အခပေး ဂိမ်းတွေထဲမှာ Minecraft က နံပါတ် ၁ နေရာကို ရသွားပါတယ်။ Apple က ဒီနှစ်အတွက် အကောင်းဆုံး ဂိမ်း အဖြစ် Sky: Children of the Light ကို ရွေးချယ်လိုက်ပါတယ်။

Ref : mashable

[Zawgyi]

Apple က ၂၀၁၉ ခုနှစ်ရဲ့ လူကြိုက်အများဆုံး iPhone Apps တွေကို ကြေညာ


  1. YouTube
  2. Instagram
  3. Snapchat
  4. TikTok
  5. Messenger
  6. Gmail
  7. Netflix
  8. Facebook
  9. Google Maps
  10. Amazon



  1. Mario Kart Tour
  2. Color Bump 3D
  3. aquapark.io
  4. Call of Duty: Mobile
  7. Wordscapes
  8. Fortnite
  9. Roller Splat!
  10. AMAZE!!


Ref : mashable