[Zawgyi]

Apple ဟာ iPhone အေဟာင္းကိုင္ေဆာင္ထားသူေတြကို Software Update လုပ္ဖို႔ သတိေပးလိုက္ပါတယ္။ အထူးသျဖင့္ iPhone 5 နဲ႔ iPad 4 တို႔လို အေစာပိုင္းထြက္ခဲ့တဲ့ Device ေတြကို အဓိကထားၿပီး Update လုပ္ခိုင္းတာ ျဖစ္ပါတယ္။ အကယ္၍ Update မလုပ္ဘူးဆိုရင္ အႏၲရာယ္ရွိတဲ့ GPS bug ကို ႀကဳံေတြ႕ရမယ္လို႔ ဆိုပါတယ္။

အဆိုပါ Device ေတြထဲက အခ်ိဳ႕ဟာ iOS 9.3.6 တို႔ iOS 10.3.4 တို႔ကို သုံးစြဲေနတုန္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ November 3 ရက္ေန႔မတိုင္မီ Update ကို ရယူျမႇင့္တင္ဖို႔လိုအပ္တယ္လို႔ Apple က တိုက္တြန္းထားတာလည္း ျဖစ္ပါတယ္။ အကယ္၍ Update မလုပ္ခဲ့ဘူးဆိုရင္ေတာ့ ေၾကညာထားသလိုပဲ GPS location၊ အခ်ိန္နဲ႔ ေန႔ရက္ ျပသမႈလြဲမွားျခင္း ျပႆနာကို ႀကဳံေတြ႕ရႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီျပႆနာ ျဖစ္ရတဲ့အေၾကာင္းရင္းဟာ GPS time rollover ျပႆနာေၾကာင့္ ျဖစ္ရတာလို႔ Apple က ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါဟာ GPS တပ္ဆင္ထားတဲ့ အျခားထုတ္လုပ္မႈလုပ္ငန္းေတြက ထုတ္ကုန္ေတြေပၚ ဧၿပီလ ၆ ရက္ေန႔က စတင္ၿပီး သက္ေရာက္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

Apple ရဲ႕ ေဖာ္ျပမႈမွာေတာ့ iOS10.3.4 မွာ iPhone 5, iPad (4th generation) Wi-Fi + Cellular တို႔ပါဝင္ၿပီး iOS 9.3.6 မွာေတာ့ iPhone 4s, iPad mini (1st generation) Wi-Fi + Cellular, iPad mini (1st generation) Wi-Fi + Cellular, iPad 2 Wi-Fi + Cellular (CDMA models only), iPad (3rd generation) Wi-Fi + Cellula စတာေတြ ပါဝင္တာကို ေတြ႕ရပါတယ္။ ဒီ ျပႆနာဟာ iPod touch ဒါမွမဟုတ္ Wi-Fi only iPad ေမာ္ဒယ္ေတြကိုေတာ့ သက္ေရာက္မႈမရွိဘူးလို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

GPS bug ကြောင့် iPhone ဟောင်းတစ်ချို့ကို အလျှင်အမြန် Software Update လုပ်ဖို့ သတိပေးလိုက်တဲ့ Apple

Apple ဟာ iPhone အဟောင်းကိုင်ဆောင်ထားသူတွေကို Software Update လုပ်ဖို့ သတိပေးလိုက်ပါတယ်။ အထူးသဖြင့် iPhone 5 နဲ့ iPad 4 တို့လို အစောပိုင်းထွက်ခဲ့တဲ့ Device တွေကို အဓိကထားပြီး Update လုပ်ခိုင်းတာ ဖြစ်ပါတယ်။ အကယ်၍ Update မလုပ်ဘူးဆိုရင် အန္တရာယ်ရှိတဲ့ GPS bug ကို ကြုံတွေ့ရမယ်လို့ ဆိုပါတယ်။

အဆိုပါ Device တွေထဲက အချို့ဟာ iOS 9.3.6 တို့ iOS 10.3.4 တို့ကို သုံးစွဲနေတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် November 3 ရက်နေ့မတိုင်မီ Update ကို ရယူမြှင့်တင်ဖို့လိုအပ်တယ်လို့ Apple က တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။ အကယ်၍ Update မလုပ်ခဲ့ဘူးဆိုရင်တော့ ကြေညာထားသလိုပဲ GPS location၊ အချိန်နဲ့ နေ့ရက် ပြသမှုလွဲမှားခြင်း ပြဿနာကို ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီပြဿနာ ဖြစ်ရတဲ့အကြောင်းရင်းဟာ GPS time rollover ပြဿနာကြောင့် ဖြစ်ရတာလို့ Apple က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ GPS တပ်ဆင်ထားတဲ့ အခြားထုတ်လုပ်မှုလုပ်ငန်းတွေက ထုတ်ကုန်တွေပေါ် ဧပြီလ ၆ ရက်နေ့က စတင်ပြီး သက်ရောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ ဖော်ပြမှုမှာတော့ iOS10.3.4 မှာ iPhone 5, iPad (4th generation) Wi-Fi + Cellular တို့ပါဝင်ပြီး iOS 9.3.6 မှာတော့ iPhone 4s, iPad mini (1st generation) Wi-Fi + Cellular, iPad mini (1st generation) Wi-Fi + Cellular, iPad 2 Wi-Fi + Cellular (CDMA models only), iPad (3rd generation) Wi-Fi + Cellula စတာတွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒီ ပြဿနာဟာ iPod touch ဒါမှမဟုတ် Wi-Fi only iPad မော်ဒယ်တွေကိုတော့ သက်ရောက်မှုမရှိဘူးလို့ သိရပါတယ်။

Ref: GSM Arena