[Zawgyi]

Silent Killer (တိတ္တဆိတ္ လူသတ္သမား) လို႔ ေခၚေလ့ရွိတဲ့ ေသြးေပါင္ခ်ိန္ ျမင့္တက္မႈ (ေသြးတိုးျခင္း) ဟာ အ႐ြယ္ေရာက္ၿပီးသား လူ ၃ေယာက္မွာ ၁ေယာက္ကေတာ့ ျဖစ္စၿမဲပါပဲ။ လူေတာ္ေတာ္မ်ားမ်ားက မိမိမွာ ေသြးတိုးရွိသလား၊ ေသြးက်တတ္လားဆိုတာကို သတိမထားမိၾကသလို ေသြးေပါင္ခ်ိန္ကိုလည္း အၿမဲလိုလို မတိုင္းတာ ျဖစ္ၾကပါဘူး။ မိမိရဲ႕ ေသြးေပါင္ခ်ိန္ကို အၿမဲလိုလို တိုင္းတာႏိုင္ဖို႔အတြက္ ေသြးေပါင္ခ်ိန္တဲ့ ကရိယာတစ္ခု လိုအပ္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ ေဆး႐ုံ၊ ေဆးခန္းေတြကို ခဏတိုင္း ေျပးေနရမွာပါ။

ဒီေန႔ေခတ္မွာ ဟိုအရင္တုန္းက ေသြးေပါင္ခ်ိန္စက္ေတြထက္ အသုံးျပဳရ ပိုမိုလြယ္ကူၿပီး တိက်မွန္ကန္လာတဲ့ Smart Blood Pressure Monitors (အဆင့္ျမင့္ ေသြးေပါင္ခ်ိန္စက္) ေတြ မ်ားျပားလာပါတယ္။ ဒါေပမယ့္ Apple ကေတာ့ ေသြးေပါင္ခ်ိန္စက္ကို သီးသန္႔ဝယ္ယူစရာ မလိုဘဲ ေသြးေပါင္ခ်ိန္ တိုင္းတာႏိုင္မယ့္ စနစ္ကို သူတို႔ရဲ႕ Apple Watch ေတြမွာ ထည့္သြင္းႏိုင္ဖို႔ ႀကိဳးစားေနပုံ ရပါတယ္။ ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕ကေတာ့ ေဆးပညာရွဴ႕ေထာင့္ကေန ၾကည့္မယ္ဆိုရင္ လက္ရွိနည္းပညာေတြအရ တိက်မွန္ကန္တဲ့ ေသြးေပါင္ခ်ိန္ကို ရရွိဖို႔အတြက္ Fitness Trackers ဒါမွမဟုတ္ Smart Watch ေတြကေန တဆင့္ ေထာက္လွမ္းဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ သုံးသပ္ထားပါတယ္။

ဒါေပမယ့္လည္း Apple ကေတာ့ Pulse Transit Time (PTT) နည္းပညာကို အသုံးျပဳၿပီး ေသြးေပါင္ခ်ိန္ကို တိုင္းတာႏိုင္မယ့္ Wrist-worm devices လို႔ေခၚတဲ့ ပစၥည္းအတြက္ မူပိုင္ခြင့္ကို U.S. Patent and Trademark Office မွာ လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္ကတည္းက ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ ကြၽမ္းက်င္ပညာရွင္ တခ်ိဴ႕ကေတာ့ အဆိုပါ Wrist-worm devices ဟာ မ်ိဴးဆက္သစ္ Apple Smart Watch ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ လက္ရွိမွာဆိုရင္ Apple Smart Watch ေတြဟာ လူေတြရဲ႕ ႏွလုံးခုန္ႏႈန္းကိုေတာင္ တိုင္းတာႏိုင္ေနၿပီ ျဖစ္ပါတယ္။

Ref : Gadgetsandwearables

[Unicode]

မျိူးဆက်သစ် Apple Watch တွေက သွေးပေါင်ချိန်ပါ တိုင်းတာနိုင်တော့မှာလား ?

Silent Killer (တိတ်တဆိတ် လူသတ်သမား) လို့ ခေါ်လေ့ရှိတဲ့ သွေးပေါင်ချိန် မြင့်တက်မှု (သွေးတိုးခြင်း) ဟာ အရွယ်ရောက်ပြီးသား လူ ၃ယောက်မှာ ၁ယောက်ကတော့ ဖြစ်စမြဲပါပဲ။ လူတော်တော်များများက မိမိမှာ သွေးတိုးရှိသလား၊ သွေးကျတတ်လားဆိုတာကို သတိမထားမိကြသလို သွေးပေါင်ချိန်ကိုလည်း အမြဲလိုလို မတိုင်းတာ ဖြစ်ကြပါဘူး။ မိမိရဲ့ သွေးပေါင်ချိန်ကို အမြဲလိုလို တိုင်းတာနိုင်ဖို့အတွက် သွေးပေါင်ချိန်တဲ့ ကရိယာတစ်ခု လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဆေးရုံ၊ ဆေးခန်းတွေကို ခဏတိုင်း ပြေးနေရမှာပါ။

ဒီနေ့ခေတ်မှာ ဟိုအရင်တုန်းက သွေးပေါင်ချိန်စက်တွေထက် အသုံးပြုရ ပိုမိုလွယ်ကူပြီး တိကျမှန်ကန်လာတဲ့ Smart Blood Pressure Monitors (အဆင့်မြင့် သွေးပေါင်ချိန်စက်) တွေ များပြားလာပါတယ်။ ဒါပေမယ့် Apple ကတော့ သွေးပေါင်ချိန်စက်ကို သီးသန့်ဝယ်ယူစရာ မလိုဘဲ သွေးပေါင်ချိန် တိုင်းတာနိုင်မယ့် စနစ်ကို သူတို့ရဲ့ Apple Watch တွေမှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေပုံ ရပါတယ်။ ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ ဆေးပညာရှူ့ထောင့်ကနေ ကြည့်မယ်ဆိုရင် လက်ရှိနည်းပညာတွေအရ တိကျမှန်ကန်တဲ့ သွေးပေါင်ချိန်ကို ရရှိဖို့အတွက် Fitness Trackers ဒါမှမဟုတ် Smart Watch တွေကနေ တဆင့် ထောက်လှမ်းဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ထားပါတယ်။

ဒါပေမယ့်လည်း Apple ကတော့ Pulse Transit Time (PTT) နည်းပညာကို အသုံးပြုပြီး သွေးပေါင်ချိန်ကို တိုင်းတာနိုင်မယ့် Wrist-worm devices လို့ခေါ်တဲ့ ပစ္စည်းအတွက် မူပိုင်ခွင့်ကို U.S. Patent and Trademark Office မှာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင် တချိူ့ကတော့ အဆိုပါ Wrist-worm devices ဟာ မျိူးဆက်သစ် Apple Smart Watch ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ လက်ရှိမှာဆိုရင် Apple Smart Watch တွေဟာ လူတွေရဲ့ နှလုံးခုန်နှုန်းကိုတောင် တိုင်းတာနိုင်နေပြီ ဖြစ်ပါတယ်။

Ref : Gadgetsandwearables