Apple ဟာ လက်ရှိအချိန်မှာ Apple Watch တွေကို နှစ်တိုင်းအသစ်မိတ်ဆက်နေတာဖြစ်ပြီး အခုလည်း လာမယ့် Apple Watch Ultra 3 နဲ့ ပတ်သက်ပြီး သတင်းတချို့ထွက်ရှိလာခဲ့ပါတယ်။ အခုသတင်းကို Apple နဲ့ပတ်သက်တဲ့သတင်းတွေကို အမြဲလိုလိုခန့်မှန်းပြောကြားနေကြ Ming-Chi Kuo ကနေ ပြောထားခဲ့တာဖြစ်ပါတယ်။

Ming-Chi Kuo ရဲ့ ပြောကြားချက်အရ Apple ဟာ Apple Watch Ultra 3 ကို ဒီနှစ်မှာ မိတ်ဆက်သွားမှာဖြစ်ပေမယ့် Hardware ပိုင်းမှာ Watch Ultra 2 နဲ့ ဘာမှထူးခြားတဲ့ပြောင်းလဲမှုတွေရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် မနှစ်တုန်းက Apple Watch Ultra 2 ကို ဝယ်ယူထားတဲ့သူတွေအနေနဲ့ Upgrade ပြုလုပ်စရာမလိုအပ်ဘူးလို့တောင် ပြောနိုင်ပါတယ်။

ဒါက ဘာကြောင့်လဲဆိုရင် Apple ဟာ ယခုနှစ်မှာ Apple Watch X သို့မဟုတ် Apple Watch Series 10 ကိုပဲ​အဓိကထားပြီး မိတ်ဆက်သွားမှာကြောင့်ဖြစ်ပါတယ်။ Apple Watch Series X ဟာ ယခင်ထက်ပိုမိုပါးလွှာတဲ့ ကိုယ်ထည်ပါဝင်လာမယ့်အပြင် Magnetic Band အသစ်တွေကိုလည်း အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Blood Pressure Sensing နဲ့ Sleep Apnea Detection လိုမျိုး Feature တွေကိုပါ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Apple Watch SE ကိုလည်း ယခုနှစ်မှာ Third-Generation အနေနဲ့ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုနှစ်မှာ Apple Watch အသစ်ဝယ်ယူဖို့စိတ်ကူးနေတယ်ဆိုရင်လာမယ့် စက်တင်ဘာလ iPhone 16 Series နဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။​

Ref – GSM Arena