Apple ကနေ ယခုနှစ်အတွက် iPhone ၃ လုံးကို ထုတ်ဖော်ပြသခဲ့ပြီး အဲ့ဒီထဲမှာ သာမန် iPhone 7 နဲ့ iPhone 7 Plus တို့ကို အဆင့်မြှင့်တင်ထားတဲ့ iPhone 8 နဲ့ iPhone 8 Plus တွေနဲ့ လုံးဝ ယခင်ဒီဇိုင်းကနေ ဖောက်ထွက်ပြီး ဘောင်ပျောက်ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ iPhone X တို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် Apple ကနေ နောက်နှစ်မှာ ယခု iPhone 8 နဲ့ 8 Plus လိုမျိုး iPhone 9 နဲ့ 9 Plus ထုတ်တော့မှာမဟုတ်လောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Apple က iPhone X နဲ့ ဒီဇိုင်းတူတူ အရွယ်အစားကွာခြားတဲ့ iPhone ၃ လုံးကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ iPhone ၃ လုံးထဲက ၂ လုံးဟာ iPhone X လိုပဲ OLED Display ကိုသုံးစွဲထားတာဖြစ်ပြီး တစ်ခုက iPhone X (2018) လို့ပြောလို့ရတဲ့ 5.8″ Screen နဲ့ နောက်တစ်ခုက iPhone X Plus (2018) လို့ ပြောနိုင်တဲ့ 6.5″ Screen နဲ့ဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ iPhone တစ်ခုကတော့ 6.1″ LCD Display ကိုပဲ သုံးစွဲထားတဲ့အတွက် iPhone 9 ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ ယခင် Series တစ်မျိုးပဲ ထုတ်နေရာကနေ အခုလိုမျိုး ပြောင်းလဲဖို့ လုပ်နေတာက ဘယ်လိုမျိုး ဖြစ်လာဦးမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ အချို့ကလည်း LCD Display နဲ့ iPhone 9 က ဒေါ်လာ ၆၅၀ ခန့်ပဲ ကျသင့်မှာဖြစ်တဲ့အတွက် iPhone တွေထဲမှာ ဈေးပေါအောင် ထုတ်ထားတာဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။