Zawgyi

Apple ကေန ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက iPhone X နဲ႔အတူ iPhone ေတြကို ပံုမွန္ အေပၚေအာက္ Bezel ေတြနဲ႔ Home Button ပါဝင္ေနရာကေန လံုးဝ Full Screen Design ကို ေျပာင္းလုိက္တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အခုလုိမ်ိဳး TouchID တျဖစ္လဲ Home Button ေနရာမွာ FaceID စနစ္ကို ေျပာင္းလဲအသံုးျပဳလိုက္ရပါတယ္။

အခုလည္း ျပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက မိတ္ဆက္ခဲ့တဲ့ iPhone XS ၊ XS Max နဲ႔ iPhone XR ဖုန္းေတြအကုန္လံုးမွာ FaceID စနစ္ကိုပဲ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Apple အေနနဲ႔ အခုအခ်ိန္မွာေတာ့ တရုတ္ႏုိင္ငံအတြက္ FaceID အစား လက္ရွိ စမတ္ဖုန္းေတြအားလံုးနီးပါး အသံုးျပဳေနတဲ့ In-Display Fingerprint နည္းပညာကို ေျပာင္းလဲအသံုးျပဳရေတာ့မယ့္ပံုစံပါပဲ။

အခုသတင္းကိုေတာ့ The Global Times Media ရဲ႕ Chinese Outlet က ေဖာ္ျပခဲ့တာျဖစ္ျပီးေတာ့ တရုတ္ႏုိင္ငံအတြက္ သီးသန္႔ In-Display Fingerprint Sensor နဲ႔ iPhone အသစ္ကို ထုတ္လုပ္လာႏုိင္ဖြယ္ရွိတယ္လုိ႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အခုလုိမ်ိဳး In-Display Fingerprint Sensor ကိုေျပာင္းသံုးလိုက္တာက လက္ရွိေရာင္းခ်ေနတဲ့ iPhone ေတြထက္ေတာင္ ေစ်းသိသိသာသာ သက္သာသြားမွာျဖစ္သလုိ OLED Display ကိုလည္း ထည့္သြင္းႏုိင္ဦးမွာျဖစ္ပါတယ္။ The Global Times ရဲ႕ ေျပာၾကားခ်က္အရဆုိရင္ အဆိုပါ iPhone က ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၇၀၀ ေအာက္ပဲရွိမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဒီသတင္းသာ အတည္ျဖစ္လာမယ္ဆုိရင္ လက္ရွိမွာ Apple ကေန ေစ်းအသက္သာဆံုးဖုန္းတစ္ခုအေနနဲ႔ ေရာင္းခ်ေနတဲ့ iPhone XR ထက္ေတာင္ ပိုျပီး ေရြးခ်ယ္စရာျဖစ္လာမွာျဖစ္ျပီးေတာ့ Design ပိုင္းအရေရာ ဒီ FaceID ပါဝင္တဲ့ iPhone X လုိမ်ိဳး Design ပဲျဖစ္လာမလား၊ Design အသစ္ကို ေျပာင္းသံုးလာမလားဆိုတာကလည္း စိတ္ဝင္စားစရာပါ။

ဘာပဲျဖစ္ျဖစ္ Apple ဟာ အခုအခ်ိန္မွာ တရုတ္ႏုိင္ငံေစ်းကြက္ကိုလည္း အဓိကထားေနရတဲ့အတြက္ ဒီလုိမ်ိဳး ေစ်းပိုသက္သာျပီး OLED Display ၊ In-Display Fingerprint Sensor ၊ ပိုျပီး ေသးတဲ့ Notch နဲ႔ Bezel ေတြပါဝင္တဲ့ iPhone က တကယ္ကို ထြက္ရွိလာႏုိင္ပါတယ္။

Ref – Phone Arena

Unicode

Apple ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက iPhone X နဲ့အတူ iPhone တွေကို ပုံမှန် အပေါ်အောက် Bezel တွေနဲ့ Home Button ပါဝင်နေရာကနေ လုံးဝ Full Screen Design ကို ပြောင်းလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး TouchID တဖြစ်လဲ Home Button နေရာမှာ FaceID စနစ်ကို ပြောင်းလဲအသုံးပြုလိုက်ရပါတယ်။

အခုလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone XS ၊ XS Max နဲ့ iPhone XR ဖုန်းတွေအကုန်လုံးမှာ FaceID စနစ်ကိုပဲ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple အနေနဲ့ အခုအချိန်မှာတော့ တရုတ်နိုင်ငံအတွက် FaceID အစား လက်ရှိ စမတ်ဖုန်းတွေအားလုံးနီးပါး အသုံးပြုနေတဲ့ In-Display Fingerprint နည်းပညာကို ပြောင်းလဲအသုံးပြုရတော့မယ့်ပုံစံပါပဲ။

အခုသတင်းကိုတော့ The Global Times Media ရဲ့ Chinese Outlet က ဖော်ပြခဲ့တာဖြစ်ပြီးတော့ တရုတ်နိုင်ငံအတွက် သီးသန့် In-Display Fingerprint Sensor နဲ့ iPhone အသစ်ကို ထုတ်လုပ်လာနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး In-Display Fingerprint Sensor ကိုပြောင်းသုံးလိုက်တာက လက်ရှိရောင်းချနေတဲ့ iPhone တွေထက်တောင် ဈေးသိသိသာသာ သက်သာသွားမှာဖြစ်သလို OLED Display ကိုလည်း ထည့်သွင်းနိုင်ဦးမှာဖြစ်ပါတယ်။ The Global Times ရဲ့ ပြောကြားချက်အရဆိုရင် အဆိုပါ iPhone က ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၀၀ အောက်ပဲရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းသာ အတည်ဖြစ်လာမယ်ဆိုရင် လက်ရှိမှာ Apple ကနေ ဈေးအသက်သာဆုံးဖုန်းတစ်ခုအနေနဲ့ ရောင်းချနေတဲ့ iPhone XR ထက်တောင် ပိုပြီး ရွေးချယ်စရာဖြစ်လာမှာဖြစ်ပြီးတော့ Design ပိုင်းအရရော ဒီ FaceID ပါဝင်တဲ့ iPhone X လိုမျိုး Design ပဲဖြစ်လာမလား၊ Design အသစ်ကို ပြောင်းသုံးလာမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ဘာပဲဖြစ်ဖြစ် Apple ဟာ အခုအချိန်မှာ တရုတ်နိုင်ငံဈေးကွက်ကိုလည်း အဓိကထားနေရတဲ့အတွက် ဒီလိုမျိုး ဈေးပိုသက်သာပြီး OLED Display ၊ In-Display Fingerprint Sensor ၊ ပိုပြီး သေးတဲ့ Notch နဲ့ Bezel တွေပါဝင်တဲ့ iPhone က တကယ်ကို ထွက်ရှိလာနိုင်ပါတယ်။

Ref – Phone Arena