ဥရောပ သမဂ္ဂရဲ့ ဒစ်ဂျစ်တယ် ဈေးကွက် ဥပဒေ (DMA) ဟာ စမတ်ဖုန်း သုံးစွဲသူတွေအတွက် တကယ့်လက်ဆောင်ပါ။ လူတွေက Apple ရဲ့ Mobile Device တွေကို ပိုမို ပွင့်လင်းပြီး ကန့်သတ်ချက်တွေ နည်းစေချင်ကြပါတယ်။

How to switch from iPhone to Android | TechRadar

DMA ကြောင့် Apple ဟာ iOS မှာ Third-party App Store တွေကို ခွင့်ပြုရတော့မှာ ဖြစ်ပြီး ဘရောက်စာတွေဟာ ကိုယ်ပိုင် Rendering Engine ကို အသုံးပြုနိုင်တော့မှာပါ။ App တွေအတွက် တခြား Paym44ent System တွေကို ခွင့်ပြုရမှာပါ။ ဒါတင်မကသေးပါဘူး။ DMA ကြောင့် Apple ဟာ iPhone ကနေ Android ဖုန်းကို အလွယ်တကူ ပြောင်းသုံးနိုင်အောင် ပြုလုပ်ပေးရမှာပါ။

Apple ဟာ ၂၀၂၅ ခုနှစ်မှာ iPhone မှ ဒေတာတွေကို Android ဖုန်းကို အလွယ်တကူ ပြောင်းနိုင်အောင်ပြုလုပ်ပေးရမှာပါ။ iOS Device မှာ ဘရောက်စာတွေကြားမှာ ဒေတာတွေ ပြောင်းနိုင်အောင်လည်း ပြုလုပ်ပေးရမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ် အစောပိုင်းမှာ အကောင်အထည်ဖော်ရမှာပါ။

How to switch from Android to iPhone | Computerworld

၂၀၂၅ ခုနှစ် မတ်လမှာ ဥရောပသမဂ္ဂမှာ Default Navigation App ကို ပြောင်းသုံးနိုင်မှာပါ။ Safari ကို Uninstall လုပ်နိုင်မှာ ဖြစ်ပြီး ဒီနှစ်ကုန်မှာ အကောင်အထည်ဖော်ပေးရမှာပါ။

ဒါပေမယ့် DMA ဥပဒေ အကျိုးသက်ရောက်တဲ့ ဥရောပသမဂ္ဂမှာပဲ အဲဒီ အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိသေးပါဘူး။

Ref : gsmarena