Apple ဟာ Flexible OLED display တွေကို သူ့ရဲ့ iPhone တွေမှာအသုံးမပြုခင် Wearable တွေပေါ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အခုတော့ လူအများစုကလည်း ရင်းနှီးလာပြီဖြစ်တာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်မယ့် Flexible OLED စမတ်ဖုန်းတွေရဲ့ ထက်ဝက်လောက်က Apple ဖြစ်လာဖွယ်ရှိတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်မှာ စမတ်ဖုန်းတင်ပို့မှုပေါင်း ၁.၂၆၅ ဘီလီယံရှိမှာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာတော့ ၁.၃၉ ဘီလီယံ ရှိလာမယ်လို့ သုတေသနကုမ္ပဏီ Stone Partners ရဲ့ အစီရင်ခံစာကို ကိုးကားပြီး The Elec သတင်းအဖြစ် ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဒီထဲမှာမှ LCD နဲ့ OLED စမတ်ဖုန်း တင်ပို့ရောင်းချမှုဟာ ၇၉၃ သန်းနဲ့ ၅၉၇ သန်း အသီးသီးရှိမယ်လို့ ဆိုပါတယ်။

စုစုပေါင်း OLED စာရင်းမှာ Flexible OLED နဲ့ Two-rigid OLED နှစ်မျိုးလုံး ပါဝင်မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ Flexible OLED panel သုံးထားတဲ့ စမတ်ဖုန်းအရေအတွက်ဟာ ၃၁၅ သန်း နီးပါးလောက်ရှိမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ လက်ရှိနှစ်ရဲ့ ခန့်မှန်းတင်ပို့ရောင်းချမှုဖြစ်တဲ့ ၂၀၇ သန်းထက် ၅၂% ပိုပြီးတော့ မြင့်မားနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ ၂၀၂၁ ခုနှစ်မှာ OLED iPhone ပေါင်း သန်း ၁၆၀ ကိုတင်ပို့ရောင်းချမယ်လို့ဆိုပြီး၊ မူလခန့်မှန်းထားတဲ့ သန်း ၉၀ ထက် ၈၀% ခုန်တက်သွားတာလည်း ဖြစ်ပါတယ်။ ဒါဟာ စုစုပေါင်း Flexible OLED စမတ်ဖုန်း တင်ပို့မှုထက် ၅၀% မြင့်မားနေတာကိုလည်း တွေ့ရပါတယ်။

OLED ဟာ Organic-Light Emitting Diode ဖြစ်ပါတယ်။ Flexible OLED ကတော့ ပျော့ပြောင်းအောင်၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ဖန်အစား ပလတ်စတစ်ကို အသုံးပြုပါတယ်။ ဒါကြောင့် ခံနိုင်ရည်ရှိပြီး ပါးလွှာပါတယ်။ Flexible OLED display တွေကို ၂၀၁၅ မှာကတည်းက Apple Watch မှာတွေ့မြင်ရပြီး ၂၀၁၇ မှာတော့ iPhone X မှာလည်း တွေ့မြင်လာရပါတယ်။

Ref: Gizmochina