Apple ကနေ ဒီနှစ်မှာ iPhone ၃ မျိုးထုတ်လုပ်သွားမှာဖြစ်ပြီး အဆိုပါ iPhone တွေဟာ OLED Display သုံးထားတဲ့ 5.8″ နဲ့ 6.5″ Display ဖုန်းတွေဖြစ်ပြီး နောက်ထပ်ဖုန်းတစ်ခုကတော့ 6.1″ LCD Display ကိုပဲ အသုံးပြုလာမယ့် iPhone တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ Apple ရဲ့ သတင်းတွေကို ခန့်မှန်းတဲ့နေရာမှာတော်တဲ့ KGI Securities က Ming-Chi Kuo ကပြောကြားချက်အရတော့ Apple ဟာ ဒီနှစ်ထွက်ရှိမယ့် iPhone တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ 6.1″ LCD Display နဲ့ iPhone ကို ၂၀၁၈ ခုနှစ်အတွင်းမှာ အလုံးရေ သန်း ၁၀၀ ကုန်အောင် ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး 6.1″ LCD Display နဲ့ iPhone ဟာ ဒီနှစ်ထွက်ရှိလာမယ့် iPhone တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်လာမယ်ဆိုပေမယ့် Ming-Chi Kuo ရဲ့ ပြောကြားချက်အရတော့ ဒေါ်လာ ၇၀၀ ကနေ ဒေါ်လာ ၈၀၀ အထိရှိဦးမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ပိုကောင်းတဲ့ iPhone တွေဖြစ်တဲ့ OLED Display အသုံးပြုထားတဲ့ iPhone တွေဟာ ကျိန်းသေပေါက် ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ ဝန်းကျင်လောက် အနည်းဆုံးရှိလာမှာဖြစ်ပြီး လက်ရှိရောင်းချနေတဲ့ Apple iPhone X ထက်တောင် ဈေးပိုမိုများပြားမှာဖြစ်ပါတယ်။ အချို့သတင်းတွေအရလည်း အဆိုပါ OLED iPhone တွေမှာပဲ Face ID စနစ်ပါဝင်မှာဖြစ်ပြီး LCD Display အသုံးပြုလာမယ့် iPhone မှာတော့ Face ID ပါဝင်မှာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။