Apple ရဲ့ နှစ်စဉ် နှစ်ဝက်ပိုင်းလောက်မှာ ကျင်းပနေကြဖြစ်တဲ့ Apple WWDC – World Wide Developer Conference ပွဲဟာ ယခုနှစ်မှာလည်း ကျင်းပဖို့ နီးကပ်နေပြီပဲဖြစ်ပါတယ်။

အခုအချိန်မှာ ထွက်ရှိလာတဲ့သတင်းတွေအရတော့ Apple ဟာ ဒီနှစ်ရဲ့ WWDC 2018 Event ကို လာမယ့် ဂျွန်လ ၄ ရက်နေ့ကနေ ၈ ရက်အတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ Apple iDevices အသစ်တွေကိုပါ တွေ့မြင်ရဖို့ရှိတယ်လို့ သိရပါတယ်။

Apple ဟာ ယခုနှစ် WWDC 2018 မှာတော့ Apple ရဲ့ iOS 12 OS ကို အဓိကအနေနဲ့ မြင်ရဖို့ရှိပြီးတော့ TrueDepth Camera ၊ Face ID ၊ Full Screen Display တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ Apple iPad Pro ကိုပါတွေ့လာရမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် Apple ဟာ MacBook Air အသစ်ကိုပါ မိတ်ဆက်သွားဖို့ရှိနေတဲ့အတွက် MacBook အသစ်ကိုပါ မြင်ရကောင်းမြင်ရနိုင်ပါသေးတယ်။ Apple ရဲ့ iPhone အသစ်တွေကတော့ လာမယ့် စက်တင်ဘာလမှပဲမြင်ရတော့မှာပါ။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ WWDC Event တွေဟာ Developer နဲ့ Engineer တွေ အလွန်အမင်းတက်ရောက်ချင်တဲ့ Event တစ်ခုဖြစ်ပြီးတော့ မနှစ်ကဆိုရင် WWDC Event လက်မှတ်ကို ဒေါ်လာ ၁၅၉၉ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။