Apple က ပြီးခဲ့တဲ့နှစ်မှာ iPad Air အသစ်ကို မကြေညာခဲ့ဘဲ လက်ရှိ အရွယ်အစား အကြီးမားဆုံး iPad Pro နဲ့ ကိုက်ညီတဲ့ အရွယ်ကြီး 12.9” iPad Air ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ ရောင်းချထားတဲ့ 10.9” iPad Air ထက် အရွယ်အစား ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။

91mobiles က နောက်ထွက်မယ့် iPad Air ရဲ့ ဒီဇိုင်းကို ပြသထားတဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အဲဒီ တက်ဘလက်ကို ဒီနှစ် နွေဦးရာသီမှာ ကြေညာနိုင်ပါတယ်။ ဓါတ်ပုံတွေအရ ရင်းနှီးပြီးသား ဒီဇိုင်း ဖြစ်ပေမယ့် အနောက်ကင်မရာနဲ့ LED Flash ကို iPhone X/XS ဒီဇိုင်း ပြုလုပ်ထားပါတယ်။

အဲဒီ ဓါတ်ပုံတွေအရ ဒီဇိုင်းကိုပဲ သိရပြီး တက်ဘလက်ရဲ့ Specifications တွေကို မသိရသေးပါဘူး။ Apple ရဲ့ iPad Air အသစ်ကို ကြေညာဖို့ လအနည်းငယ်ပဲလိုတော့တာ ဖြစ်ပြီး တရားဝင် မကြေညာရသေးခင်မှာ အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Apple's 12.9-inch iPad Air appears in schematics, revealing design

Ref : gsmarena