Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၁ ထရီလီယမ် ကျဆင်းသွားပါတယ်။ ကျွမ်းကျင်သူတွေက iPhone 14 Series ရောင်းအား မကောင်းလို့ Apple စတော့ ဈေးနှုန်း ကျဆင်းခဲ့တာကြောင့် ဒီလို ဖြစ်တာလို့ သုံးသပ်ကြပါတယ်။ iPhone 14 အခြေခံ မော်ဒယ်ဟာ Chip ၊ ကင်မရာနဲ့ မျက်နှာပြင်တို့လို အပိုင်းတွေမှာ တိုးတက်မလာတဲ့အတွက် လူကြိုက်နည်းသွားလို့ ဖြစ်ပါတယ်။ နောက်ထပ် အကြောင်းအရင်း ၁ ခုက ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၂ ခုနှစ်မှာ ကျဆင်းခဲ့လို့ ဖြစ်ပါတယ်။

What Is Tim Cook's Net Worth? See How the Apple CEO Spends His Fortune

Apple ဟာ တရုတ်က Foxconn စက်ရုံမှာ ကိုဗစ် ၁၉ ကူးစက်မှုတွေရှိနေတာကြောင့် ဖုန်း လုံလုံလောက်လောက် မထုတ်နိုင် ဖြစ်နေပါတယ်။ Apple ဟာ နောက်နှစ်ထုတ်မယ့် iPhone 15 Series ရဲ့ အခြေခံမော်ဒယ်ကို လူစိတ်ဝင်စားမှု ပိုများအောင် ပြုလုပ်မယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီဟာ iPhone 14 နဲ့ 14 Plus ရောင်းအား မကောင်းတာကြောင့် စိတ်ပျက်နေပါတယ်။ ဒါ့အပြင် Apple ဟာ စွမ်းရည်မြင့် ဖုန်း ဈေးကွက်မှာ Android ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုကို ခံနေရပြီး အထူးသဖြင့် Foldable ဖုန်းတွေကြောင့် ဖြစ်ပါတယ်။

Apple (AAPL) is Likely to Debut a Reality Headset in Early 2023

iPhone 14 Series ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ရောင်းချခဲ့ပြီး iPhone 14, 14 Plus , 14 Pro နဲ့ 14 Pro Max တို့ ပါလာပါတယ်။ ဒါပေမယ့် စတင် ရောင်းချချိန်ကတည်းက ရောင်းအား မကောင်းခဲ့ဘဲ Apple ရဲ့ ရည်မှန်းချက် မပြည့်ခဲ့ပါဘူး။ ဈေးကွက် စီးပွားရေး လေ့လာဆန်းစစ်သူ Liang Zhenpeng က Apple ရဲ့ စတော့ ဈေးနှုန်း ကျဆင်းတာဟာ iPhone 14 Series ရောင်းအား ကျဆင်းတာနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။

iPhone 14 Series ရောင်းအားနည်းတာဟာ iPhone 14 နဲ့ 14 Plus ရဲ့ Processor မတိုးတက်လာတာကြောင့် ဖြစ်ပါတယ်။ A15 Chip အဟောင်းထည့်ထားတဲ့အတွက် လူတွေ စိတ်မဝင်စားတော့ပါဘူး။ Chip အပြင် iPhone 14 နဲ့ 14 Plus ရဲ့ ကင်မရာနဲ့ မျက်နှာပြင်တွေဟာလည်း မတိုးတက်လာပါဘူး။

ref : gizchina